ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီကို အချိန်ကာလ အတော်ကြာမှ ပြန်လည်တတ်လှမ်းခွင့် ရရှိခဲ့တဲ့ ဥရောပချန်ပီယံဟောင်း နော်တင်ဟမ်ဖောရက်စ်အသင်းဟာ သူတို့အသင်းရဲ့ အဓိက ဂိုးသမားဖြစ်သူ ဆမ်ဘာကို လက်လွတ်သွားရတော့မှာဖြစ်လို့ သူ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒင်းဟန်ဒါဆန်ကို ဆက်သွယ်လာခဲ့ရာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရသွားခဲ့ပြီလို့ သိရပါတယ်။

MILAN, ITALY - MARCH 18: Dean Henderson of Manchester United reacts during the UEFA Europa League Round of 16 Second Leg match between AC Milan and Manchester United at San Siro on March 18, 2021 in Milan, Italy. Sporting stadiums around Europe remain under strict restrictions due to the Coronavirus Pandemic as Government social distancing laws prohibit fans inside venues resulting in games being played behind closed doors. (Photo by Marco Luzzani/Getty Images)

Photo Credit : Daily Star

ချန်ပီယံရှစ်ပလေးအော့မှာ ဟတ်ဒါဖီးလ်အသင်းကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်တတ်လှမ်းလာခဲ့ရတဲ့ နော်တင်ဟမ်အသင်းဟာ အသင်းရဲ့လူအင်အားကို တောင့်တင်းနေစေဖို့အတွက် အခုနွေဈေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူမှုတွေကို အရှိန်အဟုန်ကောင်းကောင်းနဲ့ လုပ်ဆောင်သွားဖို့ ရှိနေရာ လက်ရှိမှာတော့ ယူနိုက်တက် ဂိုးသမား ဒင်းဟန်ဒါဆန်ကို ခေါ်ယူသွားဖို့ အခြေအနေကောင်းလာခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကတည်းက ယူနိုက်တက် ကွင်းလယ်လူ ဂျိမ်းစ်ဂါနာကို အငှားနဲ့ ခေါ်ယူခဲ့ဖူးတဲ့ နော်တင်ဟမ်အသင်းဟာ အခုလည်း ဒင်းဟန်ဒါဆန်ကို အငှားနဲ့ ထပ်မံခေါ်ယူသွားမှာဖြစ်ပြီး အငှားစာချုပ် ကုန်ဆုံးချိန်မှာ အပြီးသတ် ဝယ်ယူခွင့်ပါ ထည့်သွင်းကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

Nottingham Forest want Manchester United's Dean Henderson on loan |  Transfer window | The Guardian

Photo Credit : The Guardian

ဒီကမ်းလှမ်းချက်ကို အင်္ဂလန်ဂိုးသမား ဒင်းဟန်ဒါဆန်ဘက်က သဘောတူညီခဲ့တာကြောင့် နော်တင်ဟမ်အနေနဲ့ အပြောင်းအရွှေ့ အထမြောက်လာဖို့အတွက် ဟန်ဒါဆန်ရဲ့ကလပ် ယူနိုက်တက်အသင်းနဲ့သာ ဆက်လက်ဆွေးနွေးရတော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက်မှာ နေရာရဖို့ ရုန်းကန်နေရတဲ့ ဒင်းဟန်ဒါဆန်ကို နယူးကာဆယ်အသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် နယူးကာဆယ်မှာ ဒူဘရေကာလို ဂိုးသမားကောင်းတစ်ဦး ရှိနေသေးတာကြောင့် နယူးကာဆယ်ထက် ပွဲကစားခွင့် ပိုမိုပေးနိုင်မယ့် နော်တင်ဟမ်ကိုပဲ ကစားသမားဘက်ကနေ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွှယ်ရှိ ဂိုးသမား ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ယူနိုက်တက်အသင်းမှာ ပွဲစဉ်(၃)ပွဲလေးသာ ပါဝင်ခဲ့ရတဲ့အထိ ပွဲထွက်ခွင့် အနည်းငယ်လေးသာ ရရှိခဲ့တာကြောင့် အသင်းနဲ့ လမ်းခွဲချင်နေပြီး ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ဆင်နွဲခွင့် ရရှိနိုင်ဖို့အတွက် ပွဲကစားခွင့် ပိုမိုခွင့်ပြုပေးနိုင်မယ့် ကလပ်အသင်းတစ်ခုကို ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။