MySport Myanmar

ပီအက်စ်ဂျီ ဂိုးသမားကြီး နာဗက်စ်ကို နော်တင်ဟမ်နဲ့ ဘုန်းမောက်တို့ စိတ်ဝင်စားနေ

ပရီးမီးယားလိဂ်ရဲ့ တန်းတတ် ကလပ်အသင်းတွေဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ဘုန်းမောက်အသင်းတို့ဟာ ပီအက်စ်ဂျီအသင်းရဲ့ ကော်စတာရီကာ ဝါရင့် ဂိုးသမားကြီး ကေလာနာဗက်စ်ကို ခေါ်ယူသွားဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

Photo Credit : PSG Talk

အသက်(၃၆)နှစ်အရွယ်ရှိ ကော်စတာရီကာ လက်ရွေးစင် ရီးယဲလ်မက်ဒရစ် ဂိုးသမားဟောင်း နာဗက်စ်ဟာ လက်ရှိ လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းမှာ ပါဝင်နေသူ ဖြစ်ပေမဲ့လည်း ဒီရာသီအတွင်းမှာ အသင်းအတွက် ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးနေရပြီး အသင်းရဲ့အီတလီဂိုးသမား ဒွန်နာရမ်မာနောက် back-up ကစားသမားသာ ဖြစ်နေရပါတယ်။ နာဗက်စ်ဟာ ပီအက်စ်ဂျီရဲ့ လီဂူးပွဲ ချန်ပီယံလိဂ် တစ်ပွဲမှကို မပါဝင်ထားရပဲ ပြင်သစ်ဖလား ပွဲစဉ်တစ်ပွဲတည်းကိုသာ ကစားထားရတာကြောင့် ပွဲကစားခွင့်တွေ များများစားစား ရရှိုဖို့အတွက် အသင်းအပြောင်းအလဲ လုပ်ဆောင်လာချင်နေပါတယ်။

Photo Credit : Bayern Strikes

နာဗက်စ်ကို သူရဲ့ရီးယဲလ်အသင်းဖော်ဟောင်း ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့ လက်ရှိကလပ် အယ်လ်နာဆာအသင်းက ခေါ်ယူသွားဖို့ စတင် စိတ်ဝင်စားလာခဲ့တာဖြစ်ပြီး အသင်းရဲ့ ကိုလံဘီယာ ဂိုးသမား အော့စ်ပီနာနေရာမှာ နာဗက်စ်နဲ့ အစားထိုးသွားချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်း အပြောင်းအလဲ လုပ်ဆောင်ချင်နေတဲ့ နာဗက်စ်ကို အယ်လ်နာဆာ တစ်သင်းတည်းကသာ စိတ်ဝင်စားနေတာ မဟုတ်ပဲ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ နော်တင်ဟမ်နဲ့ ဘုန်းမောက်တို့ကလည်း နာဗက်စ်လို ဥရောပ အတွေ့အကြုံကောင်းတွေ များစွာ ပိုင်ဆိုင်ထားတဲ့ ဂိုးသမားကြီးကို အလိုရှိလာခဲ့ပါတယ်။ ရီးယဲလ်အသင်းမှာ အောင်မြင်မှုတွေ များစွာ ပိုင်ဆိုင်ခဲ့တဲ့ ဂိုးသမားကြီး နာဗက်စ်ဟာ ချန်ပီယံလိဂ်ဖလားကို (၃)ကြိမ်အထိ ပိုင်ဆိုင်ထားခဲ့ဖူးသူဖြစ်ပြီး လက်ရှိကလပ် ပီအက်စ်ဂျီနဲ့လည်း ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ရာသီအတွင်းမှာတောင် အသင်းအတွက် မိနစ်(၉၀)လေးပဲ ကစားထားရသေးတာကြောင့် အခု ဆောင်းဈေးကွက်ထဲမှာပဲ သူ့ကို ကမ်းလှမ်းလာတဲ့ အသင်းတွေထဲကမှ ပွဲကစားခွင့်အတွက် ပိုအာမခံနိုင်မယ့် အသင်းတစ်သင်းသင်းဆီကို ရွေးချယ် ပြောင်းရွေ့သွားဖွယ် ရှိလာနိုင်ပါတယ်။

Exit mobile version