မော်ရိုကိုလက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဟာလီဟော့ဒ်ဇစ်က သူရဲ့အသင်းအတွက် မော်ရိုကိုကြယ်ပွင့် ကစားသမား ဟာကင်ဇီယက်ရှ်ကို ဘယ်လို အခြေအနေမှာပဲ လက်ရွေးစင်အသင်းအတွက် ပြန်လည်ရွေးချယ်သွားမှာ မဟုတ်ကြောင်းနဲ့ သူရဲ့နာမည်က လီယွန်နယ်မက်ဆီ ဖြစ်နေမယ်ဆိုရင်တောင် ရွေးချယ်သွားမျာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Morocco coach Halilhodžić blasts Ziyech behaviour in camp: 'I will not  tolerate him'

Photo Credit : Tribuna

မော်ရိုကိုနည်းပြ ဟာလီဟော့ဒ်ဇစ်က ချယ်လ်ဆီးအသင်းရဲ့ မော်ရိုကို ကွင်းလယ်တိုက်စစ် ကစားသမား ဇီယက်ရှ်ဟာ စည်းကမ်းပိုင်း အားနည်းသူလို့ သတ်မှတ်ခဲ့ပြီး သူရဲ့အမှုအကျင့်တွေဟာ နိုင်ငံ့လက်ရွေးစင်အသင်းရဲ့ တာဝန်ကို ထမ်းဆောင်ဖို့အတွက် မကိုက်ညီနေဘူးလို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ဟာလီဟော့ဒ်ဇစ်ရဲ့ မော်ရိုကိုအသင်းဟာ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကို ဆင်နွဲနေချိန် ဟာခီမီ အန်နက်ဆီရီတို့လို ထိပ်တန်းကစားသမားတွေကို ရွေးချယ်ထားခဲ့ပေမယ့် ဇီယက်ရှ်လို ကြယ်ပွင့်ကစားသမားမျိုးကို ချန်လှပ်ထားခဲ့ပြီး ပြိုင်ပွဲကနေလည်း ကွာတားဖိုင်နယ်နဲ့ ထွက်ခွာခဲ့ရလို့ ဇီယက်ရှ် မရွေးချယ်ခဲ့တဲ့အပေါ် မေးခွန်းထုတ်လာပေမယ့် ဟာလီဟော့ဒ်ဇစ်ကတော့ ဇီယက်ရှ်ရဲ့ နာမည်က မက်ဆီ ဖြစ်နေတယ်ဆိုရင်တောင် အသင်းအတွက် ရွေးချယ်မှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ရှင်းလင်းပြောဆိုခဲ့ပါတယ်။

Halilhodzic Refuses to Include Ziyech in World Cup Play-off Game

Photo Credit : Morocco World News

ဟာလီဟော့ဒ်ဇစ်က “ကျွန်တော် ရွေးချယ်ထားတဲ့ ကစားသမားတွေက နိုင်ငံ့အတွက် အကောင်းဆုံးတွေပါပဲ။ အစုအဖွဲ့နဲ့ ဟန်ချက်မညီနိုင်တဲ့ ကစားသမားမျိုးကိုတော့ ကျွန်တော် မရွေးချယ်ပါဘူး။ သူရဲ့နာမည်က လီယွန်နယ်မက်ဆီ ဆိုရင်တောင်မှ ကျွန်တော့် ဆုံးဖြတ်ချက်ကို မပြင်ပါဘူး။ ဇီယက်ရှ်ရဲ့ အပြုအမှုတွေကို ရွေးချယ်မှုနဲ့ မကိုက်ညီပါဘူး။ သူက လေ့ကျင့်ရေးတွေလည်း မလုပ်ချင်ဘူး။ ကစားချင်စိတ်လည်း မရှိဘူး။ အလေးအနက်လည်း မထားတတ်ဘူး။ သူ့ကို အသင်းအတွက် ပြန်ကစားပေးဖို့ကိုလည်း ဘယ်တော့မှ တောင်းဆိုမှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ (၃)နှစ် အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲအပြီးမှာ သူက အဝေဖန်ခံရဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ သူ လှောင်ပြောင်ပြစ်တင်ခံခဲ့ရတယ်။ ဒါတွေကို မမေ့ထားသင့်ပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဇီယက်ရှ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဇွန်လက ဘာကီနာဖာဆိုအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာသာ မော်ရိုကိုအတွက် နောက်ဆုံးအကြိမ်အဖြစ် ပါဝင်ခွင့်ရခဲ့တာဖြစ်ပြီး အဲ့ဒီခြေစွမ်းပွဲ ပြီးကတည်းက သူရဲ့အမှုအကျင့်တွေဟာ မော်ရိုကိုအသင်းရဲ့ ဦးဆောင်သူအဖြစ် စံပြဖြစ်နေရမယ့် အနေအထားတွေနဲ့ သွေဖယ်နေတာကြောင့် နောက်ပိုင်းမှာ အခုလို လူစာရင်းကနေ ချန်လှပ်ခံလာရတာ ဖြစ်ပါတယ်။