လီဗာပူးလ္ နည္းျပ ကေလာ့ပ္ဟာ မနက္ျဖန္ စေနေန႔ည (၁၂း၀၀) အခ်ိန္မွာ “Special One”လုိ႔ အထူးနည္းျပလုိ႔ သူကုိယ္သူ ေခၚတဲ့ နည္းျပ ေမာ္ရင္ဟုိရဲ႕ စပါးအသင္းနဲ႔ ကစားမယ့္ ပဲြမတုိင္ခင္ သူက “Normal One”၊ သာမန္နည္းျပပါလုိ႔ ေျပာပါတယ္။ လီဗာပူးလ္အသင္းဟာ လက္ရွိရာသီ ပရီးမီးယားလိဂ္ ၿပိဳင္ပဲြမွာ (၁) ပဲြေလွ်ာ့၊ ပဲြစဥ္ (၂၀) ကစားၿပီးတဲ့ အခ်ိန္မွာ (၁) ပဲြသာ သေရက်ၿပီး ရႈံးပဲြ မရွိဘဲ အဆင့္ (၂) ေနရာက အသင္းကုိ (၁၃) မွတ္ျဖတ္နဲ႔ ထိပ္ဆုံးက ဦးေဆာင္ေနပါတယ္။

Photo Credit: Gettyimage

လီဗာပူးလ္အသင္းဟာ လန္ဒန္ၿမိဳ႕မွာ ကစားခဲ့တဲ့ ေနာက္ဆုံး ပရီးမီးယားလိဂ္ ပဲြစဥ္ (၈) ပဲြမွာ ရႈံးပဲြ မရွိဘဲ ေနာက္ဆုံး (၃) ပဲြဆက္ကုိ အႏုိင္ရခဲ့ေပမဲ့ (၁၉၈၉) ခုႏွစ္ ေနာက္ပုိင္းမွာ လန္ဒန္ၿမိဳ႕မွာ (၄) ပဲြဆက္ အႏုိင္မရခဲ့ေတာ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္၊ လီဗာပူးလ္အသင္းဟာ စပါးအသင္းကုိသာ အႏုိင္ရသြားမယ္ ဆုိရင္ လန္ဒန္ၿမို႕မွာ လိဂ္ ပဲြစဥ္ (၄) ပဲြဆက္ အႏုိင္ျပန္ရသြားမွာ ျဖစ္ၿပီး နည္းျပ ကေလာ့ပ္ကေတာ့ ပဲြမတုိင္ခင္ သူ႔ကိုယ္သူ အထူးနည္းျပ မဟုတ္ဘူးလုိ႔ ေျပာသြားခဲ့ပါတယ္။

Photo Credit: Gettyimage

နည္းျပ ကေလာ့ပ္ဟာ “သာမန္နည္းျပ”လုိ႔ အေျပာခံရေတာ့ ေပ်ာ္လားလုိ႔ အေမးခံရတဲ့ အခ်ိန္မွာ သူက “သာမန္နည္းျပက လုံးဝကုိ အဆင္ေျပပါတယ္။ ကံဆုိးစြာနဲ႔ပဲ ကြ်န္ေတာ့္မွာ အထူး ဆိုတာ မရွိပါဘူး။ ကြ်န္ေတာ္ နားလည္တာ တစ္ခုက (၁၀၀) ရာခုိင္ႏႈန္း စိတ္ပါၿပီး ထူးခြ်န္တဲ့ အရာကုိပဲ လုပ္ရမယ္ ဆုိတာ နဲ႔ ကုိယ့္ေဘးနားက လူေတြကုိ အသုံးျပဳရမယ္ ဆုိတာပါပဲ။ အသင္းဝန္ထမ္း၊ ကစားသမားေတြ နဲ႔ လူေတြ မ်ားစြာကုိ အသုံးျပဳရပါတယ္”လုိ႔ သတင္းေထာက္ကုိ ေျဖခဲ့ပါတယ္။

{Unicode}

လီဗာပူးလ် နည်းပြ ကလော့ပ်ဟာ မနက်ဖြန် စနေနေ့ည (၁၂း၀၀) အချိန်မှာ “Special One”လို့ အထူးနည်းပြလို့ သူကိုယ်သူ ခေါ်တဲ့ နည်းပြ မော်ရင်ဟိုရဲ့ စပါးအသင်းနဲ့ ကစားမယ့် ပွဲမတိုင်ခင် သူက “Normal One”၊ သာမန်နည်းပြပါလို့ ပြောပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ (၁) ပွဲလျှော့၊ ပွဲစဉ် (၂၀) ကစားပြီးတဲ့ အချိန်မှာ (၁) ပွဲသာ သရေကျပြီး ရှုံးပွဲ မရှိဘဲ အဆင့် (၂) နေရာက အသင်းကို (၁၃) မှတ်ဖြတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

Photo Credit: Gettyimage

လီဗာပူးလ်အသင်းဟာ လန်ဒန်မြို့မှာ ကစားခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဉ် (၈) ပွဲမှာ ရှုံးပွဲ မရှိဘဲ နောက်ဆုံး (၃) ပွဲဆက်ကို အနိုင်ရခဲ့ပေမဲ့ (၁၉၈၉) ခုနှစ် နောက်ပိုင်းမှာ လန်ဒန်မြို့မှာ (၄) ပွဲဆက် အနိုင်မရခဲ့တော့တာ ဖြစ်ပါတယ်။ ဒါကြောင့်၊ လီဗာပူးလ်အသင်းဟာ စပါးအသင်းကိုသာ အနိုင်ရသွားမယ် ဆိုရင် လန်ဒန်မြို့မှာ လိဂ် ပွဲစဉ် (၄) ပွဲဆက် အနိုင်ပြန်ရသွားမှာ ဖြစ်ပြီး နည်းပြ ကလော့ပ်ကတော့ ပွဲမတိုင်ခင် သူ့ကိုယ်သူ အထူးနည်းပြ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Gettyimage

နည်းပြ ကလော့ပ်ဟာ “သာမန်နည်းပြ”လို့ အပြောခံရတော့ ပျော်လားလို့ အမေးခံရတဲ့ အချိန်မှာ သူက “သာမန်နည်းပြက လုံးဝကို အဆင်ပြေပါတယ်။ ကံဆိုးစွာနဲ့ပဲ ကျွန်တော့်မှာ အထူး ဆိုတာ မရှိပါဘူး။ ကျွန်တော် နားလည်တာ တစ်ခုက (၁၀၀) ရာခိုင်နှုန်း စိတ်ပါပြီး ထူးချွန်တဲ့ အရာကိုပဲ လုပ်ရမယ် ဆိုတာ နဲ့ ကိုယ့်ဘေးနားက လူတွေကို အသုံးပြုရမယ် ဆိုတာပါပဲ။ အသင်းဝန်ထမ်း၊ ကစားသမားတွေ နဲ့ လူတွေ များစွာကို အသုံးပြုရပါတယ်”လို့ သတင်းထောက်ကို ဖြေခဲ့ပါတယ်။