ပေါ်တူဂီ ထိပ်သီးကလပ် ပေါ်တိုအသင်းရဲ့ ဥက္ကဌဖြစ်သူ ပင်တိုဒါကော်စတာက ပေါ်တူဂီက ဘယ်ကလပ်အသင်းမဆို ပေါ်တူဂီ စူပါစတား ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့ လုပ်ခလစာအတိုင်း ပေးချေနိုင်ခြင်း မရှိဘူးလို့ မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။

Ronaldo remains a free agent after leaving Manchester United in controversial fashion

Photo Credit : Daily Mail

GOAT ကြီး ရော်နယ်လ်ဒိုဟာ ပီယာ့စ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးရုပ်သံ ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ဖလား မစတင်ခင်အချိန်မှာပဲ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်း ဖြစ်ခဲ့ရကာ free agent ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။ ကလပ်အသင်းလက်မဲ့ ဖြစ်သွားချိန်မှာ ရော်နယ်လ်ဒိုဟာ အသင်းပေါင်းများစွာနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ရပြီး သူရဲ့ အသင်းဟောင်းဖြစ်တဲ့ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းနဲ့ပါ အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်။

Porto President Pinto da Costa believes no Portuguese side could afford Cristiano Ronaldo

Photo Credit : Daily Mail

ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ပေါ်တိုဥက္ကဌ ဒါကော်စတာက “စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေလည်း အများကြီးဆိုတော့ သူ့အပေါ်ပဲ မူတည်နေမှာပါ။ ဒါပေမယ့် ပေါ်တူဂီမှာတော့ သူရရှိနေတဲ့ လစာအတိုင်းကို ပေးစွမ်းနိုင်တာမျိုး ဘယ်အသင်းမှာမှ ရှိမနေပါဘူး။ အဲ့ဒါအတွက် သူ့မှာ တန်ဖိုးရှိနေပါတယ်” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ ဒုတိယအကြိမ် လမ်းခွဲပြီးနောက်မှာ ကလပ်အသင်းတွေနဲ့ သတင်းထွက်ခဲ့ရာ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွဲနေစဉ်အတွင်းမှာပဲ ဆော်ဒီကလပ် အယ်လ်နက်စ်ဆာနဲ့ပါ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ရင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ပါ သတင်းမီဒီယာတွေက ဖော်ပြလာခဲ့တာကြောင့် ရော်နယ်လ်ဒိုဘက်က ဒီသတင်းတွေကို ငြင်းပယ်ခဲ့ရပါသေးတယ်။ လက်ရှိမှာလည်း သူ့အသင်းဟောင်းလည်းဖြစ် သူရဲ့အောင်မြေအသင်းလည်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အားကစားစင်တာမှာ လေ့ကျင့်ခန်းဆင်းမှုတွေ ပြုလုပ်နေတာကြောင့် ရီးယဲလ်နဲ့ ပြန်ပြောင်းစည်းတော့မလားဆိုပြီး မေးခွန်းတွေ ထွက်လာခဲ့ပြန်ပါတယ်။ ရော်နယ်လ်ဒိုဟာ လက်ရှိမှာ ပေါ်တူဂီအသင်းနဲ့အတူ ၂၀၂၂ကမ္ဘာ့ဖလားကို ကွာတားဖိုင်နယ်အထိပဲ ရောက်ရှိနိုင်ခဲ့တာကြောင့် စိတ်ပျက်လျက် ရှိနေပေမယ့်လည်း မကြာခင်မှာပဲ သူရဲ့ ကလပ်အသင်း ကစားသမားဘဝ အနာဂတ်အတွက် အသင်းသစ်တစ်သင်းကို ရှာဖွေသွားဖွယ် ရှိနေပါတယ်။