ယခုရက်ပိုင်းမှာတော့ ဘာစီလိုနာအသင်းဟာ လီဗာပူးလ်အသင်းကနေ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ကော်တင်ဟိုကို ပြန်လည် ရောင်းချဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့သလို လီဗာပူးလ်ဘက်ကလည်း ကော်တင်ဟိုကို ပြန်လည်ခေါ်ယူဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေဟာလည်း ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit: Marca.com

အဆိုပါသတင်းတွေကြောင့် လီဗာပူးလ် ပရိသတ်တွေဟာ တစ်ချိန်က အသင်းရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့တဲ့ ကော်တင်ဟိုကို အသင်းမှာ ပြန်တွေ့မြင်ရတော့မှာလားဆိုပြီး ရင်ခုန်စိတ်လှုပ်ရှားနေပေမယ့် လီဗာပူးလ်ရဲ့ အကြီးအကဲတစ်ဦးဖြစ်သူ ပီတာမိုးကတော့ ကော်တင်ဟိုကို ပြန်လည်ခေါ်ယူမှာ မဟုတ်ဘူးလို့ အသိပေးပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca.com

လီဗာပူးလ်ပရိသတ်များအသင်းနဲ့ တွေ့ဆုံပွဲမှာ ပီတာက ကော်တင်ဟိုရဲ့ ကစားပုံနဲ့ လက်ရှိ အသင်းရဲ့ ကစားပုံဟာ ကွဲပြားခြားနားကြောင်းနဲ့ ကော်တင်ဟိုဟာ သူတို့အသင်းအတွက် အခက်အခဲတွေကို ချန်ထားခဲ့သူဖြစ်ကြောင်း ပြောဆိုသွားခဲ့ကာ ကော်တင်ဟိုအပေါ်မှာ ထားရှိတဲ့ သူ့ရဲ့အမြင်ကို ပြောပြသွားခဲ့တာပါ​။

Photo Credit: Marca.com

ပီတာမိုးက ” ကော်တင်ဟို ထွက်ခွာသွားပြီးကတည်းက အသင်းမှာပြောင်းလဲမှုတွေ ရှိခဲ့ပါတယ်။ အသင်းရဲ့တည်ဆောက်ပုံသာ မကပါဘူး။ ကစားပုံတွေရောပေါ့။ ခင်ဗျား ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကော်တင်ဟို ထွက်ခွာသွားတဲ့ အချိန်မှာ ကျွန်တော်တို့အသင်းဟာ အတော်ကို ရုန်းကန်ခဲ့ရပြီး လက်ကျန်ရာသီဝက်မှာ အသင်းရဲ့ ကစားပုံဟာ ပြောင်းလဲသွားခဲ့ရပါတယ် ” လို့ ပြောကြားသွားခဲ့တာပါ။