လတ်တလောမှာ ကိုရိုနာဗိုင်းရပ်စ် ပျံနှံကူးစက်မှု အန္တရာယ်က အလွန်ကိုကြီးမားလွန်းနေတာကြောင့် ကမ္ဘာ့အနှံအပြားရှိ အားကစားပြိုင်ပွဲတွေအားလုံးကို အကန့်အသတ်မရှိ ရပ်နားထားခဲ့ရသလို မကြာခင်မှာ ကျင်းပပြုလုပ်ဖို့ရှိနေတဲ့ ပြိုင်ပွဲကြီးတွေကိုလည်း ၂၀၂၁ခုနှစ်အတွင်း ရွေ့ဆိုင်းထားခဲ့ရပါတယ်။ ဒါဟာ နိုင်ငံတိုင်းလိုလိုမှာ အလားတူဖြစ်နေတယ်ဆိုပေမယ့်လည်း ဥရောပတိုက်က နိုင်ငံတစ်ခုဖြစ်တဲ့ ဘီလာရုစ်နိုင်ငံမှာတော့ ကိုရိုနာဖြစ်ပွားမှု အနည်းအကျဉ်းလေး ရှိနေတာတောင်မှ သူတို့ရဲ့ အမှတ်ပေးဘောလုံးပြိုင်ပွဲ အပါအဝင် အားကစားပြိုင်ပွဲတွေကို မရပ်နားသေးပဲ ဆက်လက်ကျင်းပလို့နေပါတယ်။

ဘီလာရုစ်နိုင်ငံရဲ့ အမှတ်ပေးလိဂ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Vysshaya Liga ပြိုင်ပွဲရဲ့ ၂၀၂၀ ဘောလုံးရာသီပွဲစဉ်တွေကို ကိုရိုနာဗိုင်းရပ်စ် အလွန်အမင်းပျံပွားလွန်းနေရာ မတ်လ (၁၉)ရက်နေ့မှာ စတင်ကျင်းပခဲ့တာဖြစ်ြ့ပီးတော့ အခုထိကို ပွဲစဉ်တွေ ပုံမှန်အတိုင်း ကျင်းပလို့နေပါတယ်။ ၂၀၂၀ခုနှစ် ဘောလုံးရာသီအတွက် Vysshaya Liga ဘောလုံးပြိုင်ပွဲကို လက်ရှိမှာ ပွဲစဉ်(၂)ပွဲအထိ ကျင်းပထားပြီးပြီဖြစ်သလို ဆက်လက်ပြီးတော့လည်း ကျင်းပနေဦးမှာဖြစ်တယ်လို့ ဘီလာရုစ်ဘောလုံးအဖွဲ့ချုပ်ကနေ ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။

တကယ်တော့ ဘီလာရုစ်နိုင်ငံဟာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ နိုင်ငံတွေထဲမှာ အပါအဝင်ဖြစ်နေသလို ကူးစက်ခံလူနာပေါင်းက (၃၅၁)ယောက်တောက် ရှိနေခဲ့ရသလို သေဆုံးသူလူနာဦးရေက (၄)ယောက်အထိ ရှိနေပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးရှိနေသည့်တိုင် ဘောလုံးပွဲတွေကိုတော့ တခြားနိုင်ငံတွေမှာလို ရပ်နားထားမှမဟုတ်ပဲ ဆက်လက်ကျင်းပနေဦးမှာဖြစ်ပြီး ဒီဧပြီလအတွင်းမှာ ပွဲစဉ်(၃ ၄ ၅)တွေကို ဆက်တိုက်ယှဉ်ပြိုင်ကစားစေဦးမှာဖြစ်ပါတယ်။ ဘီလာရုစ်ဘောလုံးအဖွဲ့ချုပ်ကတော့ သူတို့နိုင်ငံရဲ့အစိုးရအဖွဲ့ဝင်တွေကိုယ်တိုင် ဘောလုံးပွဲတွေကို ရပ်နားဖို့ သတိပေးတားမြစ်ခြင်းမရှိသေးလို့ ဆက်လက်ကျင်းပဖို့ ဆုံးဖြတ်ချက်ချလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဘီလာရုစ်အမှှတ်ပေးလိဂ် ပြိုင်ပွဲတော်တော်များများဟာ မြန်မာစံတော်ချိန် ညနေ(၅)နာရီခွဲ ည(၇)နာရီခွဲ ည(၈)နာရီခွဲနဲ့ ည(၉)နာရီခွဲတွေမှာ ကျင်းပလေ့ရှိတာဖြစ်ကာ ဘိတ်ဘိုရီဆော့ ဒုုိင်နမိုဘရတ်စ်တို့လို ဘောလုံးပရိသတ်တွေနဲ့ ရင်းနှီးပြီးသား အသင်းတွေ ပါဝင်ယှဉ်ပြိုင်နေတဲ့ အမှတ်ပေးလိဂ်တစ်ခုဖြစ်ပါတယ်။