MySport Myanmar

အာဆင်နယ်ဆီ ပြောင်းချင်နေတဲ့ ယိုကယ်ရက်စ်ကို စပို့တင်း ပရိသတ်တွေ ဒေါသပုန်ထ

စပို့တင်း လစ္စဘွန်းအသင်းရဲ့ တိုက်စစ်ကစားသမား ဗစ်တာ ယိုကယ်ရက်စ်ဟာ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်နေချိန်မှာ စပို့တင်းအသင်း ပရိသတ်တွေဟာ ကလပ်ရဲ့ ရာသီကြိုပွဲစဉ်တစ်ခုမှာ ဒီကစားသမားကို ဆန့်ကျင်တဲ့ ဆိုင်းဘုတ်တွေကို ဖော်ပြလာခဲ့ပါတယ်။

ယိုကယ်ရက်စ်ဟာ ယူရို(၇၃.၅)သန်းနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေတာကြောင့် စပို့တင်း ပရိသတ်တွေဟာ သူတို့အသင်းအတွက် ထပ်မံမကစားလိုကြောင်း ယိုကယ်ရက်စ်က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီးနောက် တိုက်စစ်မှူးအပေါ် ဒေါသထွက်နေကြပါတယ်။

Photo Credit : Goal

ဗုဒ္ဓဟူးနေ့က Estadio Algarve မှာ စကော့တလန် ထိပ်သီးကလပ် ဆဲလ်တစ်အသင်းနဲ့ ကစားခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲမှာ ဆိုင်းဘုတ်နှစ်ခုကို ဖြန့်ကျက်ပြသခဲ့ပြီး တစ်ခုက “ကလပ်အသင်းရဲ့ အကျိုးစီးပွားထက် ဘယ်သူမှ မကြီးဘူး” လို့ ရေးသားထားပါတယ်။ ပေါ်တူဂီထုတ်ဝေမှု A Bola ရဲ့ ဖော်ပြချက်အရ နောက်ထပ်ဆိုင်းဘုတ်တစ်ခုမှာတော့ “ထွက်ခွာသွားသူတွေအတွက် ငါတို့ မငိုဘူး။ ကျန်ခဲ့သူတွေအတွက် ပျော်တယ်” လို့ ရေးသားထားပါတယ်။

ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်ဟာ စပို့တင်းအတွက် ပြီးခဲ့တဲ့ (၂)နှစ်အတွင်း အံ့မခန်းခြေစွမ်းပြခဲ့ပြီး (၁၀၂ )ပွဲမှာ (၉၇)ဂိုးအထိတောင် သွင်းယူပေးခဲ့ပါတယ်။ သူက အသင်းကို ဖလားများစွာ ရရှိအောင် ကူညီပေးခဲ့ပေမဲ့ သူ့ရဲ့ မကြာသေးမီက လုပ်ရပ်တွေက ပရိသတ်တွေနဲ့ သူ့ရဲ့ ဆက်ဆံရေးကို မကောင်းဘက်ကို ဦးတည်သွားစေခဲ့ပါတယ်။

Photo Credit : The Sun

ကလပ်အသင်းဥက္ကဋ္ဌ ဖရက်ဒရစ်ကို ဗာရန်းဒက်စ်ကတော့ တိုက်စစ်မှူး ယိုကယ်ရက်စ်ကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ပေမဲ့ နောက်ဆုံးတော့ ယိုကယ်ရက်စ်ဟာ သူ့ရဲ့ဆန္ဒအတိုင်း အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ဖြစ်မြောက်ပုံရပါတယ်။

ပေါ်တူဂီချန်ပီယံ စပို့တင်းက ဆွီဒင်လက်ရွေးစင်မပါဘဲ အသင်းကို ပြင်ဆင်နေချိန်မှာ အာဆင်နယ်ပရိသတ်တွေကတော့ အသက်(၂၇)နှစ်အရွယ် ကစားသမား အမ်းမရိတ်စ်ကို ပြောင်းရွှေ့တာကို ဘယ်တော့ အတည်ပြုမလဲဆိုတဲ့ သတင်းကို ရက်ပိုင်းအတွင်း ဒါမှမဟုတ် သီတင်းပတ်အနည်းငယ်အတွင်း စိတ်အားထက်သန်စွာ စောင့်မျှော်နေကြပါလိမ့်မယ်။

Exit mobile version