မနေ့ညက ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အတွင်းမှာ အတ္တလန်တာအသင်းရဲ့ပထမပိုင်းအတွင်း ဦးဆောင်မှုနဲ့ တစ်ပွဲလုံးနီးပါး ဦးဆောင်ခံထားရတဲ့ ပီအက်စ်ဂျီအသင်းဟာ ဒဏ်ရာကနေ သက်သာလာခဲ့ပြီဖြစ်တဲ့ တိုက်စစ်ကစားသမား ဘာပေကို ဒုတိယပိုင်းအတွင်း ထည့်သွင်းခဲ့ပြီးနောက် အသင်းရဲ့တိုက်စစ်ကလည်း အရှိန်အဟုန်မြင့်လာခဲ့ပြီး ပွဲပြီးခါနီးမှာပဲ ချေပဂိုးရော အနိုင်ဂိုးတွေကိုပါ ဆက်တိုက်ပိုင်ဆိုင်ခဲ့ရင်း Comeback နိုင်ပွဲနဲ့အတူ (၁၅)နှစ်ကျော်ကြာ ဝေးကွာနေရတဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တတ်လှမ်းနိုင်ခဲ့ရပါတယ်။

Photo Credit : Metro

ပြင်သစ်လူငယ်တိုက်စစ်ကစားသမားလေး ကီလီယန်အမ်ဘာပေဟာ ပီအက်စ်ဂျီိနဲ့ စိန့်အက်တီယန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်ရှံးထွက်ဖလား ဖိုင်နယ်ပွဲစဉ်အတွင်းမှာ ပြိုင်ဘက်ကစားသမားတစ်ဦးရဲ့ကြမ်းတမ်းစွာ ဖြတ်ထုတ်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ရပြီး လအတန်ကြာ အနားယူရဖွယ်ပါရှိတာကြောင့် အတ္တလန်တာနဲ့ပွဲကိုပါ လွဲချော်ရတော့မှာဖြစ်တယ်လို့ ကနဦးပိုင်း သတင်းဖော်ပြချက်တွေအရ သိရှိခဲ့ရပေမယ့် ဒီပွဲမတိုင်ခင်မှာပဲ ဘာပေဟာ အံ့အားသင့်စဖွယ်ကောင်းလောက်အောင် ဒဏ်ရာကနေ အလျင်အမြန် သက်သာလာခဲ့ပြီး အတ္တလန်တာနဲ့ပွဲမှာလည်း လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပါသေးတယ်။

Photo Credit : Goal

ဒီပွဲစဉ်အတွင်းမှာ တိုက်စစ်ကစားသမားနေမာတစ်ယောက်တည်း အားကြိုးမာန်တတ်နဲ့ ကြိုးစားပမ်းစား ကစားနေခဲ့ပေမယ့်လည်း ဆာရာဘီယာ အီကာဒီတို့နဲ့ အချိတ်အဆက်ကောင်းကောင်း မလုပ်နိုင်ခဲ့တာကြောင့် ဂိုးတွေပြန်လည်သွင်းယူနိုင်ဖို့က ခက်ခဲခဲ့ပြီး ဘာပေဝင်လာပြီးနောက်မှာ ဘာပေနဲ့နေမာတို့ တိုက်စစ်အတွဲအဖက် လုပ်အားနှုန်းတွေနဲ့ ချေပဂိုးနဲ့အနိုင်ဂိုးတို့ကို ပွဲမပြီးဆုံးခင်မှာပဲ အရယူဆောင်ပေးနိုင်ခဲ့ပါတယ်။ တကယ်လို့သာ ဘာပေအနေနဲ့ ဒဏ်ရာကြောင့် ဒီပွဲကို လုံးဝလွဲချော်ခဲ့ရမယ်ဆိုရင် ပီအက်စ်ဂျီအသင်းအနေနဲ့လည်း ရလဒ်က တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်ပြီး နေမာလည်း ဒီထက်မက ပိုပြီးတောင် ရုန်းကန်ရနိုင်ပါတယ်။ အခုလို ဒဏ်ရာပြသာနာကို အလျင်အမြန် ပျောက်ကင်းနိုင်အောင် စွမ်းစွမ်းတမံ ကုသပေးခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ဆေးအဖွဲ့ဝင်များအားလုံးကိုလည်း ဘာပေက အထူးကျေးဇူးတင်ရှိကြောင်း ပြောဆိုသွားခဲ့ပြီး လာမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ပွဲထွက်လူစာရင်းမှာပါ ပါဝင်လာဖွယ်ရှိနေပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဆီမီးဖိုင်နယ်မှာတော့ အသက်လက်တီကိုမက်ဒရစ်နဲ့ လိုက်ပ်ဇစ်အသင်းတို့ထဲက အနိုင်ရလာမယ့်အသင်းနဲ့ ရင်ဆိုင်တွေ့ဆုံတော့မှာဖြစ်ပါတယ်။