ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ နဲ့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုတို့ဟာ ယူအီအက်ဖ်အေ (UEFA) တစ်နှစ်တာ အကောင်းဆုံး အမျိုးသား ကစားသမားဆု စကာတင် (၃) ယောက် စာရင်းမှာ မပါဝင်ခဲ့ကြတာကြောင့် (၁၀) နှစ်အတွင်းမှာ ပထမဆုံး အကြိမ် အဖြစ် စံကာတင် စာရင်းမှာ မပါဝင်နိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ (၂၀၁၉-၂၀) ယူအီအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု စကာတင် (၃) ယောက်ကတော့ ပရီးမီးယားလိဂ် ကလပ် မန်စီးတီး ကွင်းလယ်လူ ဒီဘရှိုင်း၊ ဘွန်ဒက်စ်လီဂါ ကလပ် ဘိုင်နယ်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါ့စကီး နဲ့ ဘွန်ဒက်စ်လီဂါ ကလပ် ဘိုင်နယ်မြူးနစ် ဂိုးသမား နူအာတို့ ဖြစ်ပါတယ်။

Photo Credit: Goal

လက်ရှိ ဂျုဗင်တပ်အသင်းမှာ ကစားနေတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ယူအီအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး အမျိုးသား ကစားသမားဆုကို (၃) ကြိမ် ရရှိထားပြီး ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြ ကစားနေတဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကတော့ ဒီဆုကို (၂) ကြိမ် ရရှိထားတာပဲ ဖြစ်ပါတယ်။ စီးရီးအေ အသင်းကြီး ဂျုဗင်တပ်အသင်းကတော့ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လိုင်ယွန်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ် (၁၆) သင်းအဆင့်ကနေ ပြုတ်ခဲ့ပြီး ဘာစီလိုနာအသင်းက ဘိုင်ယန်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ် ကွာတား ဖိုင်နယ်အဆင့်ကနေ ပြုတ်ခဲ့ပါတယ်။

Photo Credit: Goal

ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် သွင်းဂိုး (၁၅) ဂိုး သွင်းယူခဲ့တဲ့ ဘိုင်ယန် တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ (၂၀၂၀)၊  ယူအီအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး အမျိုးသား ကစားသမားဆုကို ရရှိဖို့အတွက် ရေပန်းစားဆုံး ဖြစ်ပြီး ဒီဆုအတွက် သူ့ရဲ့ ပြိုင်ဘက်က မန်စီးတီး ကွင်းလယ်လူ ဒီဘရှိုင်း နဲ့ အသင်းဖော် နူအာတို့ ဖြစ်ပါတယ်။ ယူအီအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး အမျိုးသား ကစားသမားဆုကို နောက်ဆုံး ရရှိသွားခဲ့တဲ့ ကစားသမားက လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက် ဖြစ်ပြီး ဗန်ဒိုက်က လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ် ဖလား (၆) ကြိမ်မြောက် ရရှိအောင် ကူညီနိုင်ခဲ့ပြီးတဲ့နောက် ဒီဆုကို ထိုက်တန်စွာ ရရှိသွားခဲ့ပါတယ်။ တစ်ကိုယ်တော် ဆုတွေကို နှစ်တွေ များစွာ သိမ်းပိုက်လာခဲ့ကြတဲ့ တိုက်စစ်မှူး မက်ဆီ နဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကတော့ (၁၀) နှစ်အတွင်းမှာ ပထမဆုံး အကြိမ် အဖြစ် ယူအီအက်ဖ်အေ (UEFA) တစ်နှစ်တာ အကောင်းဆုံး အမျိုးသား ကစားသမားဆု စကာတင် စာရင်းမှာ မပါဝင်နိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။