မနေ့ည (၁)နာရီ(၁၅)မိနစ်အချိန်မှာ ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ကျင်းပစေခဲ့ပြီး ဆာဘူကန်အသင်းနဲ့ လေဗာကူဆင်အသင်းတို့ ထိပ်တိုက်ယှဉ်ပြိုင်ကစားစေခဲ့ရာ ဘွန်ဒစ်လီဂါ ထိပ်သီးအသင်းကြီးဖြစ်တဲ့ လေဗာကူဆင်က အဝေးကွင်းမှာ အသင်းငယ်လေး ဆာဘူကန်အသင်းကို ခြေအသာနဲ့ ကစားနိုင်ခဲ့ကာ (၃)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တာကြောင့် ပိုကယ်ဖလားဖိုင်နယ်အဆင့်ဆီကို တတ်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

Photo Credit : Daily Mail

အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ကိုင်းလ်ဟားဗက်ဇ် လားစ်ဘန်ဒါနဲ့ လီယွန်ဘေလီတို့ မပါဝင်နိုင်ခဲ့တဲ့ လေဗာကူဆင်အသင်းဟာ ဆီဗန်ဘန်ဒါ ပေါ်လင်ဟို ဒီအာဘီ အော်လာရီယိုတို့လို ကစားသသမားကောင်းတွေနဲ့ ပွဲထွက်လာခဲ့ကာ အ်မ်ရှင်အသင်းဘက်ကို ဖိဖိစီးစီး ကစားနိုင်ခဲ့သလို ပထမမပိုင်း မိနစ်(၂၀)အတွင်းမှာပဲ သွင်းဂိုး(၂)ဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။ အသင်းရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲဲ့ ဒီအာဘီနဲ့ အော်လာရီယိုတို့ သွင်းဂိုးတွေနဲ့ လေဗာကူဆင်တို့ စတင်ဦးဆောင်နိုင်ခဲ့ကာ ဒုတိယပိုင်းမှာလည်း လူစားဝင်လာခဲ့တဲ့ ဘယ်လာဟာဘီက ပွဲသိမ်းဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

အခုလို ဂိုးပြတ်နိုင်ပွဲရသွားခဲ့တဲ့ လေဗာကူဆင်အသင်းဟာ ဂျာမန်ပိုကယ်ဖိုင်နယ်ကို ရောက်ရှိသွားခဲ့ပြီဖြစ်ပြီ်း ဒီနေ့ညမှာ ဆက်လက်ယှဉ်ပြိုင်ကြရမယ့် ဘိုင်ယန်မြူးနစ်နဲ့ ဖရန့်ဖတ်အသင်းတို့ရဲ့ပွဲစဉ်မှ အနိုင်ရရှိလာမယ့်အသင်းနဲ့ ဖိုင်နယ်မှာ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဘိုင်ယန်ကတော့ ပိုကယ်ဖလားပြိုင်ပွဲရဲ့လက်ရှိချန်ပီယံဖြစ်သလို ပိုကယ်ဖလားကို အကြိမ်အများဆုံးဆွတ်ခူးထားတဲဲ့ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်ပါတယ်။ လေဗာကူဆင်အသင်းကတော့ ၁၉၉၃ခုနှစ်နောက်ပိုင်း ပိုကယ်ဖလားကို ဗိုလ်မစွဲနိုင်ခဲ့တာ နှစ်ပေါင်း(၃၀)နီးပါး ကြာမြင့်နေပြီဖြစ်သလို မကြာသေးခင်ကမှ ကစားသွားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲမှာလည်း ဘိုင်ယန်ကို အရေးနိမ့်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီညကစားရမယ့်ပွဲအတွင်းမှာ ဘိုင်ယန်ကို ပြိုင်ဘက်ဖရန့်ဖတ်အသင်းက ဘယ်လိုဟန့်တားနိုင်ဦးမလဲဆိုတာကလည်း စိတ်ဝင်တစား စောင့်ကြည့်သွားရဦးမှာဖြစ်ပါတယ်ခင်ဗျာ။