ဂ်ဳဗင္တပ္စ္အသင္းရဲ႕ေပၚတူဂီလက္ေရြးစင္ တုိက္စစ္ကစားသမား ခရစၥတီယာႏုိေရာ္နယ္ဒုိကေတာ့ ၿပီးခဲ႔တဲ႔ရက္သတၱပတ္အတြင္းမွာပဲ လုိကုိမုိးတစ္ေမာ္စကုိနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္နဲ႔ ေအစီမီလန္အသင္းနဲ႔ အီတလီစီးရီးေအပြဲစဥ္ ႏွစ္ပြဲဆက္အတြင္း ဒုတိယပုိင္းပြဲကစားခ်ိန္ေတြမွာ လူစားလဲခံရခဲ႔လုိ႔ ဂ်ဳဗင္တပ္စ္အသင္းနည္းျပဆာရီအေပၚမွာ မေက်နပ္မႈေတြ ျဖစ္ေပၚေနၿပီး ေအစီမီလန္နဲ႔ပြဲမွာလည္း ပြဲမၿပီးဆုံးေသးခင္ ကြင္းထဲကေန ထြက္ခြာသြားခဲ႔လုိ႔ ေဘာလုံးနယ္ပယ္အတြင္းက လူထုမ်ားစြာရဲ႕ ေဝဖန္ျပစ္တင္မႈေတြနဲ႔ ရင္ဆုိင္လုိက္ရပါတယ္။

Photo Credit : Getty Images

ဒီကိစၥရပ္ၿပီးေနာက္မွာ ေဘာလုံးအသုိင္းအဝုိင္းက နာမည္ေက်ာ္ေဘာလုံးသမားမ်ားနဲ႔ ေဘာလုံးနည္းျပေတြ ေရာ္နယ္ဒုိရဲ႕လုပ္ရက္ကုိ ေဝဖန္ခဲ႔ၾကၿပီး နည္းျပနဲ႔အသင္းေဖာ္ေတြအေပၚမွာ ေလးစားမႈမရွိတဲ႔လုပ္ရက္လုိ႔လည္း သုံးသပ္လာခဲ႔ၾကပါတယ္။ ဒီကိစၥရပ္ေတြရဲ႕ေနာက္ပုိင္းမွာ ေရာ္နယ္ဒုိဟာ သူ႔ကုိႏွစ္ႀကိမ္တုိင္တုိင္ လူစားလဲခဲ႔တဲ႔ နည္းျပဆာရီနဲ႔ မေျပလည္မႈေတြ ရွိေနႏုိင္ေလာက္တယ္လုိ႔ ထင္ျမင္လာခဲ႔ၾကေပမယ့္လည္း ေရာ္နယ္ဒုိကေတာ့ ဒီလုိထင္ျမင္မႈေတြကုိ ျငင္းဆန္သြားခဲ႔ပါတယ္။ “ၿပီးခဲ႔တဲ႔သုံးပတ္ေလာက္တုန္းက ကြ်န္ေတာ္ရဲ႕ကစားခ်ိန္ေတြက ကန္႔သတ္ခ်က္ေတြနဲ႔ ရွိေနခဲ႔ရပါတယ္။ အျငင္းအခုံျဖစ္စရာေတာ့ မရွိခဲ႔ပါဘူး။ အဲ႔လုိျဖစ္ေအာင္ ခင္ဗ်ားတုိ႔ ဖန္တီးတာေလ(သတင္းမီဒီယာသမားေတြကုိဆုိလုိတာျဖစ္ပါတယ္)။ လူစားလဲခံရတာကုိေတာ့ ကြ်န္ေတာ္သေဘာမက်ပါဘူး”

Photo Credit : Getty Images

“ဒါေပမယ့္ ၿပီးခဲ့တဲ႔သုံးပတ္ေလာက္ကေန ကြ်န္ေတာ္ရဲ႕ပြဲထြက္ကစားခ်ိန္ေတြက အကန္႔အသတ္ေတြ ရွိလာခဲ႔ရပါတယ္။ ကြ်န္ေတာ္ကေတာ့ ဂ်ဳဗင္တပ္စ္အသင္းကုိ ကူညီခ်င္တာပါ။ ဒဏ္ရာျပသာနာေတြ ရင္ဆုိင္ေနရခ်ိန္မွေတာင္ ကူညီေပးသြားခ်င္တာပါ။ ဘယ္ကစားသမားကမွလည္း သူ႔ကုိလူစားလဲတာကုိ သေဘာက်မွာ မဟုတ္ပါဘူး။ ဒါေပမယ့္လည္း ဘာေၾကာင့္လူလဲခံရတာလဲဆုိတာကုိ နားလည္ပါတယ္။ ကြ်န္ေတာ္က အေကာင္းဆုံးအေနအထားမွာ ရွိေနတာမဟုတ္ဘူးကုိး။ အသင္းအတြက္ စြန္႔လႊတ္နစ္နာခံရမယ့္ အေျခအေနမ်ိဳးကုိ ေရာက္လာၿပီဆုိရင္ေတာ့ ဘာကုိပဲျဖစ္ျဖစ္ ဂုဏ္ယူစြာနဲ႔ လုပ္ေဆာင္ေပးသြားမွာပါ။ ပြဲေတြကလည္း အမ်ားႀကီးကစားရဦးမွာကုိ။ ကြ်န္ေတာ္က အသင္းကုိ အၿမဲတမ္းကူညီခ်င္ေနတာပါ။ အခုက ဒီကိစၥနဲ႔ပတ္သက္ၿပီး ကြ်န္ေတာ္တုိ႔ၾကားမွာ အျငင္းပြားစရာျဖစ္ေအာင္ မီဒီယာေတြက ဖန္တီးေနၾကတာပါ။ ဒါေပမယ့္ ကြ်န္ေတာ္က သတင္းစာရွင္းလင္းပြဲေတြမွာ ဘာစကားမွ မ်ားမ်ားစားစား ေျပာေလ့မရွိတာ သင္တုိ႔ေတြသိၾကမွာပါ။ အေရးႀကီးတာက အသင္းအႏုိင္ရၿပီး ထိပ္ဆုံးေနရာမွာ ဆက္လက္ရပ္တည္ေနႏုိင္ဖုိ႔ပါပဲ” လုိ႔ ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္။

(Unicode)

ဂျုဗင်တပ်စ်နည်းပြဆာရီနဲ့ သူ့ကြားက အခြေအနေကို ရော်နယ်ဒိုဖွင့်ဟလာ

ဂျုဗင်တပ်စ်အသင်းရဲ့ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာပဲ လိုကိုမိုးတစ်မော်စကိုနဲ့ ချန်ပီယံလိဂ်ပွဲစဉ်နဲ့ အေစီမီလန်အသင်းနဲ့ အီတလီစီးရီးအေပွဲစဉ် နှစ်ပွဲဆက်အတွင်း ဒုတိယပိုင်းပွဲကစားချိန်တွေမှာ လူစားလဲခံရခဲ့လို့ ဂျုဗင်တပ်စ်အသင်းနည်းပြဆာရီအပေါ်မှာ မကျေနပ်မှုတွေ ဖြစ်ပေါ်နေပြီး အေစီမီလန်နဲ့ပွဲမှာလည်း ပွဲမပြီးဆုံးသေးခင် ကွင်းထဲကနေ ထွက်ခွာသွားခဲ့လို့ ဘောလုံးနယ်ပယ်အတွင်းက လူထုများစွာရဲ့ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

Photo Credit : Getty Images

ဒီကိစ္စရပ်ပြီးနောက်မှာ ဘောလုံးအသိုင်းအဝိုင်းက နာမည်ကျော်ဘောလုံးသမားများနဲ့ ဘောလုံးနည်းပြတွေ ရော်နယ်ဒိုရဲ့လုပ်ရက်ကို ဝေဖန်ခဲ့ကြပြီး နည်းပြနဲ့အသင်းဖော်တွေအပေါ်မှာ လေးစားမှုမရှိတဲ့လုပ်ရက်လို့လည်း သုံးသပ်လာခဲ့ကြပါတယ်။ ဒီကိစ္စရပ်တွေရဲ့နောက်ပိုင်းမှာ ရော်နယ်ဒိုဟာ သူ့ကိုနှစ်ကြိမ်တိုင်တိုင် လူစားလဲခဲ့တဲ့ နည်းပြဆာရီနဲ့ မပြေလည်မှုတွေ ရှိနေနိုင်လောက်တယ်လို့ ထင်မြင်လာခဲ့ကြပေမယ့်လည်း ရော်နယ်ဒိုကတော့ ဒီလိုထင်မြင်မှုတွေကို ငြင်းဆန်သွားခဲ့ပါတယ်။ “ပြီးခဲ့တဲ့သုံးပတ်လောက်တုန်းက ကျွန်တော်ရဲ့ကစားချိန်တွေက ကန့်သတ်ချက်တွေနဲ့ ရှိနေခဲ့ရပါတယ်။ အငြင်းအခုံဖြစ်စရာတော့ မရှိခဲ့ပါဘူး။ အဲ့လိုဖြစ်အောင် ခင်ဗျားတို့ ဖန်တီးတာလေ(သတင်းမီဒီယာသမားတွေကိုဆိုလိုတာဖြစ်ပါတယ်)။ လူစားလဲခံရတာကိုတော့ ကျွန်တော်သဘောမကျပါဘူး”

Photo Credit : Getty Images

“ဒါပေမယ့် ပြီးခဲ့တဲ့သုံးပတ်လောက်ကနေ ကျွန်တော်ရဲ့ပွဲထွက်ကစားချိန်တွေက အကန့်အသတ်တွေ ရှိလာခဲ့ရပါတယ်။ ကျွန်တော်ကတော့ ဂျုဗင်တပ်စ်အသင်းကို ကူညီချင်တာပါ။ ဒဏ်ရာပြသာနာတွေ ရင်ဆိုင်နေရချိန်မှတောင် ကူညီပေးသွားချင်တာပါ။ ဘယ်ကစားသမားကမှလည်း သူ့ကိုလူစားလဲတာကို သဘောကျမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဘာကြောင့်လူလဲခံရတာလဲဆိုတာကို နားလည်ပါတယ်။ ကျွန်တော်က အကောင်းဆုံးအနေအထားမှာ ရှိနေတာမဟုတ်ဘူးကိုး။ အသင်းအတွက် စွန့်လွှတ်နစ်နာခံရမယ့် အခြေအနေမျိုးကို ရောက်လာပြီဆိုရင်တော့ ဘာကိုပဲဖြစ်ဖြစ် ဂုဏ်ယူစွာနဲ့ လုပ်ဆောင်ပေးသွားမှာပါ။ ပွဲတွေကလည်း အများကြီးကစားရဦးမှာကို။ ကျွန်တော်က အသင်းကို အမြဲတမ်းကူညီချင်နေတာပါ။ အခုက ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကြားမှာ အငြင်းပွားစရာဖြစ်အောင် မီဒီယာတွေက ဖန်တီးနေကြတာပါ။ ဒါပေမယ့် ကျွန်တော်က သတင်းစာရှင်းလင်းပွဲတွေမှာ ဘာစကားမှ များများစားစား ပြောလေ့မရှိတာ သင်တို့တွေသိကြမှာပါ။ အရေးကြီးတာက အသင်းအနိုင်ရပြီး ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေနိုင်ဖို့ပါပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။