မနေ့ညက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဆိုစီဒက် ၊ ဘီလ်ဘာအိုနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပွဲစဉ်တွေမှာ စပိန်အင်အားကြီးအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ပြိုင်ဘက်အသင်းတွေကို အသီးသီး အရေးနိမ့်ခဲ့ကြတာကြောင့် စပိန် ကိုပါဒယ်ရေး ဖလားပြိုင်ပွဲဟာ အတော်လေးကို စိတ်ဝင်စားစရာကောင်းလာခဲ့ပါတယ်။

Photo Credit: Marca.com

အိမ်ကွင်းမှာ ဆိုစီဒက်အသင်းကို လက်ခံ ကစားခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အိမ်ကွင်းမှာ ကစားရတဲ့ပွဲစဉ်ဖြစ်ပေမယ့် ကစားကွက်ပိုင်းမှာ ဆိုစီဒက်အသင်းကို အသာရခဲ့ခြင်း မရှိပဲ သွင်းဂိုးလေးဂိုးအထိ ခွင့်ပြုပေးခဲ့ရကာ သုံးဂိုး လေးဂိုးဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာပါ။ ရီးရဲလ်အတွက် ဂိုးတွေကိုတော့ မာဆယ်လို ၊ ရိုဒရီဂို ၊ ဖာနန်ဒက်စ်တို့က သွင်းယူပေးခဲ့တာ ဖြစ်ကာ ဆိုစီဒက်အသင်းအတွက် အိုဒီဂက် ၊ မာရီနို ၊ အိုင်ဆက်တို့က အသီးသီးသွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Marca.com

ဘီလ်ဘာအိုအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဘာစီလိုနာအသင်းဟာ ပွဲကို ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ သွင်းဂိုးကိုတော့ သွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး​။ အဲ့ဒီနောက် ပွဲကစားချိန်ရဲ့ နောက်ဆုံးမိနစ် ဖြစ်တဲ့ ၉၃မိနစ်မှာ ဘီလ်ဘာအိုတိုက်စစ်မှူး ဝီလီယံက ပွဲကို အဆုံးအဖြတ်ဖြစ်စေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Marca.com

အဆိုပါပွဲစဉ်တွေဟာ ကိုပါဒယ်ရေးပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်တွေဖြစ်ပြီး ဘာစီလိုနာ ၊ အက်သလက်တီကို ၊ ရီးရဲလ်မက်ဒရစ် ၊ ဗလင်စီယာ ၊ ဗီလာရီးရဲလ် ၊ ဆီဗီလာစတဲ့ အသင်းကြီးတွေအကုန်လုံးဟာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ကြရပါတယ်။ လက်ရှိ ကျန်ရှိနေတဲ့ အသင်းတွေက ဘီလ်ဘာအို ၊ ဆိုစီဒက် ၊ ဂရန်နာဒါ ၊ မီရန်ဒက် တို့သာဖြစ်တာကြောင်​့ ဘီလ်ဘာအိုနဲ့ဆိုစီဒက် အသင်းတို့ကသာ ဖလားရဖို့ ရေပန်းစားနေတာပါ။