MySport Myanmar

မြေခွေးပြာတို့ရဲ့ နည်းပြသစ် ဖြစ်လာတော့မယ့် နွားကြီး နစ္စတဲလ်ရွိုင်း

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ယာယီနည်းပြဟောင်း လက်ထောက်နည်းပြဟောင်းဖြစ်သူ ရုဒ် ဗန် နစ္စတဲလ်ရွိုင်းဟာ လက်ရှိမှာတော့ လက်စတာအသင်းရဲ့ နည်းပြသစ် ဖြစ်လာတော့မယ်လို့ သတင်းတွေမှာ အခိုင်အမာ ဖော်ပြလို့နေပြီပဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် တန်းတက်ကလပ် လက်စတာအသင်းဟာ အသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီ ပြန်လည် ပို့ဆောင်ပေးထားတဲ့ နည်းပြ အန်ဇို မာရက်စ်ကာက ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့သွားခဲ့တာကြောင့် လက်စတာက နော်တင်ဟမ် ဖောရက်စ် နည်းပြဟောင်း စတိဗ် ကူးပါးနဲ့ လက်တွဲခဲ့ပါတယ်။

Photo Credit : Football FanCast

ဒါပေမယ့် လက်စတာအသင်းက နည်းပြကူးပါးလက်ထက်မှာ ရလဒ်တွေ ဆိုးရွှားလို့နေပြီး လက်စတာ 1-2 ချယ်လ်ဆီး ပွဲအပြီးမှာပဲ လက်စတာဘက်က ကူးပါးနဲ့ လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအခြေအနေမှာ လက်စတာအနေနဲ့ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် နည်းပြသစ်တစ်ဦးကို အလျင်အမြန် ခန့်အပ်သွားချင်နေပါတယ်။

အခုတော့ လက်စတာက မကြာသေးခင်ကမှ သူတို့အသင်းကို ပရီးမီးယားလိဂ်မှာရော လိဂ်ဖလားမှာပါ ဂိုးပြတ်တွေနဲ့ အနိုင်ယူထားတဲ့ ယူနိုက်တက် ယာယီနည်းပြဟောင်း နစ္စတဲလ်ရွိုင်းကို အသင်းနည်းပြအဖြစ် ခန့်အပ်သွားဖို့ စိတ်ဝင်စားလာခဲ့သလို သဘောတူညီမှုပါ ရသွားခဲ့ပြီလို့ The Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Leicester City News

နစ္စတဲလ်ရွိုင်းက နည်းပြသက်တမ်း နုနယ်သေးတဲ့သူ ဖြစ်ပေမယ့်လည်း နယ်သာလန် လက်ရွေးစင်အသင်း လက်ထောက်နည်းပြအဖြစ်နဲ့ PSV အသင်းနည်းပြတွေအဖြစ် ဆောင်ရွှက်ခဲ့ပါတယ်။ ဒါ့အပြင် နစ္စတဲလ်ရွိုင်းက PSV အသင်းကို ကိုင်တွယ်တုန်းကလည်း အသင်းအတွက် ရှုံးထွက်ဖလားနဲ့ ကွင်းဖွင့်ဖလားတို့ပါ ရယူပေးနိုင်ခဲ့ပါတယ်။

ဒီလို စွမ်းဆောင်ခဲ့တဲ့ နစ္စတဲလ်ရွိုင်းက ဒီနွေမှာ အသင်းဟောင်း ယူနိုက်တက်ဆီ လက်ထောက်နည်းပြအဖြစ် ရောက်လာခဲ့ရင်း အဲရစ် တန်ဟက်ဂ် အထုတ်ခံရချိန်မှာ အသင်းရဲ့ ယာယီနည်းပြအဖြစ် (၄)ပွဲ တာဝန်ယူခဲ့ပါတယ်။ အဲ့ဒီ (၄)ပွဲလုံး ရှုံးပွဲမရှိ စွမ်းဆောင်ခဲ့ပေမယ့် ယူနိုက်တက် နည်းပြသစ် အမော်ရင်က နစ္စတဲလ်ရွိုင်းကို သူရဲ့နည်းပြအဖွဲ့ဝင်ထဲ ထည့်သွင်းခြင်း မရှိတာမို့ နစ္စတဲလ်ရွိုင်းက ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရပြီး အခုတော့ လက်စတာ နည်းပြသစ် ဖြစ်လာပါတော့မယ်။

Exit mobile version