MySport Myanmar

အသင်းဖော်ဟောင်းများရဲ့ ဝေဖန်မှုတွေကို ထိတ်လန့်နေမှာ မဟုတ်ဘူးလို့ နစ္စတဲလ်ရွိုင်း ဖွင့်ဟ

လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြဖြစ်သူ ရုဒ် ဗန် နစ္စတဲလ်ရွိုင်းက သူ့ကို သူရဲ့ယူနိုက်တက်အသင်းဖော်ဟောင်းများဖြစ်တဲ့ ရွိုင်ကိန်း ပေါလ်စခိုးနဲ့ ဂယ်ရီ နဗီးလ်တို့လိုု ဘောလုံး သုံးသပ်ဝေဖန်သူများဘက်ကနေ ဝေဖန်မှုတွေ လုပ်ဆောင်လာမှာကို စိုးရိမ် ထိတ်လန့်နေမှာ မဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်မှာ ကစားသမားဘဝကို ကျင်လည်ဖြတ်သန်းခဲ့ဖူးပြီး ဒီရာသီမှာလည်း အဲရစ် တန်ဟက်ဂ်ရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ယူနိုက်တက်ဆီ ပြန်ရောက်လာခဲ့တဲ့ နစ္စတဲလ်ရွိုင်းဟာ လက်ရှိမှာတော့ တန်ဟက်ဂ်နဲ့ ယူနိုက်တက်တို့ လက်တွဲဖြုတ်လိုက်ချိန် ယူနိုက်တက် ယာယီနည်းပြအဖြစ် ပြောင်းလဲ တာဝန်ယူနေရပါတယ်။

Photo Credit : Metro

လက်ရှိမှာ နစ္စတဲလ်ရွိုင်းက ယူနိုက်တက်နဲ့ လက်စတာတို့ရဲ့ လိဂ်ဖလားပွဲကို စတင် ကိုင်တွယ်ထားခဲ့ပြီး အဲ့ဒီပွဲမှာ (5-2) နဲ့ အနိုင်ရထားခဲ့ပေမယ့် ဒီနေ့မှာပဲ ချယ်လ်ဆီးလို ထိပ်တန်းအသင်းမျိုးနဲ့ ရင်ဆိုင်သွားရမှာက နစ္စတဲလ်ရွိုင်းအတွက် စိန်ခေါ်မှုပေါင်းများစွာ ကြုံတွေ့သွားရမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။

နစ္စတဲလ်ရွိုင်းအနေနဲ့ ယူနိုက်တက်လို အသင်းမျိုးမှာ ယာယီနည်းပြအဖြစ် ကိုင်တွယ်နေရချိန် နေရာစုံကနေ ဝေဖန်မှုတွေနဲ့ လက်ရှိ pundit အဖြစ် ဆောင်ရွှက်နေတဲ့ ဘောလုံးသမားဟောင်း အသင်းဖော်ဟောင်းတွေဆီကနေပါ ဝေဖန်မှုတွေ ရလာနိုင်တာကို အရမ်းကြီး စိုးရိမ်နေမှာ မဟုတ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ “ကျွန်တော်တို့အားလုံးက ကိုယ့်အလုပ် ကိုယ်လုပ်နေကြသလို သူတို့ကလည်း သူတို့ကလည်း အခြေခံအားဖြင့်ဆိုရင် အသင်းအပေါ် ဂရုစိုက်ကြပါတယ်။”

Photo Credit : Daily Mail

“ဒါကြောင့် ရလဒ်တွေ မကောင်းနေရင် ကစားပုံတွေ မကောင်းနေရင် သူတို့လည်း စိတ်ပျက်လာကြပြီး သူရဲ့ ထင်မြင်ချက်တွေကို ပြောလာပါတော့တယ်။ ဒါက လုံးဝ အဆင်ပြေတယ်လို့ ထင်ရပြီးတော့ ဒါကိုလည်း ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ပြောဆိုတယ်လို့လည်း မယူဆရပါဘူး။ သူတို့တွေနဲ့ တွေ့ဆုံပြီး စကားလက်ဆုံ ပြောရမယ်ဆိုရင်လည်း ပြဿနာ မရှိပါဘူး။”

“လုပ်ဖော်ကိုင်ဖက်ဟောင်းတွေအဖြစ် သူတို့ကိုလည်း ကျွန်တော် လေးစားမိပါတယ်။ ဒီအလုပ်က သူတို့ရွေးချယ်ထားတဲ့ လမ်းကြောင်းဖြစ်နေတာကြောင့် ကျွန်တော့်အတွက်ကတော့ အဆင်ပြေပါတယ်။” လို့ နစ္စတဲလ်ရွိုင်းက ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ တန်ဟက်ဂ်နေရာအတွက် စပို့တင်း လစ္စဘွန်းနည်းပြ ရူဘင် အမော်ရင်ကို ခန့်အပ်ထားပေမယ့် အမော်ရင်က ယူနိုက်တက်ဆီ (၁၁)ရက်နေ့မှ ရောက်ရှိလာမှာမို့ အဲ့ဒီရက်မတိုင်ခင် နစ္စတဲလ်ရွိုင်းက ယာယီ တာဝန်ယူသွားရမှာ ဖြစ်ပါတယ်။

Exit mobile version