လီဗာပူးလ် ပရိသတ် (၉) ဦးဟာ မာဆေးဆိုဒ်ရဲတွေရဲ့ သတိပေးချက်ကို ဆန့်ကျင်ပြီး အသင်းရဲ့ အိမ်ကွင်း အပြင်ဘက်မှာ သွားစုရုံးခဲ့ကြတာကြောင့် အဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့ မာဆေးဒိုဒ် ဒုရဲမှုး ဖြစ်သူ နာတာလီယာ (Natalie) က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မာဆေးလ်ဆိုဒ် ရဲတွေ နဲ့ လီဗာပူးလ်အသင်းဟာ အသင်းရဲ့ ပရိသတ်တွေကို ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် အိမ်ကွင်း အပြင်မှာ လူစုလူဝေး မပြုလုပ်ဖို့ သတိပေးခဲ့တာ ဖြစ်ပေမယ့်လည်း လီဗာပူးလ် ပရိသတ် များစွာက နှာခေါင်းစည်းမတပ်ဘဲ ကွင်းနားကို ရောက်လာခဲ့ကြပါတယ်။

Photo Credit: Skysports

မာဆေးလ်ဒိုဒ် ရဲမှုး ဖြစ်သူက လီဗာပူးလ်အသင်း နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ပွဲစဉ် မတိုင်ခင်မှာ လီဗာပူးလ် ပရိသတ်တွေအနေနဲ့ အိမ်ကွင်းရဲ့ အပြင်မှာ လူစုလူဝေးနဲ့ စုရုံနေကြမယ် ဆိုရင် အဖမ်းခံရမှာ ဖြစ်တယ်လို့ သတိပေးခဲ့ပေမယ့် အချို့က မနာခံ၊ မလိုက်နာခဲ့ကြတာပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ မနေ့ညက ချဲလ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပရီးမီးယားလိဂ် ဆုဖလားကို ကိုင်မြောက်ခဲ့ရတာ ဖြစ်ပြီး ပရိသတ်တွေအနေနဲ့ အသင်းနဲ့ အတူ အောင်ပွဲခံချင်မှာ ဖြစ်ပေမယ့်လည်း ကိုရိုနာ ဗိုင်းရပ်ကြောင့် အောင်ပွဲမခံနိုင်ခဲ့ကြဘဲ အချို့က အဖမ်းခံခဲ့ရပါတယ်။

Photo Credit: Skysports

ဒုရဲမှူး နာတာလီယာက “ကျွန်တော် ပြိုင်ပွဲမစခင်မှာ သင်လျော်တဲ့ စည်းမျဉ်းတွေကို ချမှတ်ခဲ့ပြီး ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်က လူထု ဘေးကင်းဖို့အတွက် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ သတိပေးချက်ကို နာခံပြီး အိမ်က တီဗီရှေ့ကနေ အောင်ပွဲခံခဲ့ကြတဲ့ ပရိသတ်တွေကို တကယ် ကျေးဇူးတင်ပါတယ်။ ရဲတွေက ပြီးခဲ့တဲ့ ညက အန်ဖီးလ်ကွင်း အပြင်ဘက်မှာ ဆူပူတဲ့၊ ရန်လိုတဲ့၊ အရက်မူးတဲ့၊ သတိပေးမှု မလိုက်နာတဲ့၊ အရက်မူးပြီး ကားမောင်းတဲ့ သူ (၉) ဦးကို ဖမ်းခဲ့ပါတယ်။ ပရိသတ် များစွာ လာရောက်ခဲ့ကြပေမယ့် နံနက် (၂း၀၀) အချိန်မှာ ပြန်သွားခဲ့ကြပါတယ်။ ကျွန်တော်တို့ ဖရိုဖရဲ ဖြစ်တာ နဲ့ ရာဇာဝတ်မှုတွေကို မမြင်ခဲ့ရပါဘူး”လို့ ပြောကြာသွားပါတယ်။