MySport Myanmar

ဒီရာသီအတွင်း ဥရောပတစ်ခွင်မှာ ဂိုးမြူးနေကြတဲ့ နိုင်ဂျီးရီးယား ကစားသမားများ

ဒီနှစ်ဘောလုံးရာသီရဲ့ ဥရောပဘောလုံးပြိုင်ပွဲအတွင်းမှာ နိုင်ဂျီးရီးယား ကစားသမားတွေ အတော်လေးကို ဂိုးမြူးလို့နေပါတယ်။ ဒီကစားသမားတွေကတော့…

ဗစ်တာအိုဆင်မန်(နာပိုလီ)

နာပိုလီအသင်းရဲ့ အထောင်တိုက်စစ်မှူး အိုဆင်မန်ကတော့ ဒီရာသီမှာ နာပိုလီအတွက် စီးရီးအေ(၁၃)ဂိုး ချန်ပီယံလိဂ်(၁)ဂိုး သွင်းယူထားပြီး စီးရီးအေမှာတော့ ဒီရာသီရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်နေပါတယ်။

အဒီမိုလာလွတ်ခ်မန်း(အတ္တလန်တာ)

အတ္တလန်တာ တောင်ပံကစားသမား လွတ်ခ်မန်းဟာလည်း ဒီရာသီ စီးရီးအေမှာ ခြေစွာလို့နေပြီး အိုဆင်မန်ပြီးရင် ဒီရာသီ စီးရီးအေရဲ့ ဒုတိယမြောက် ဂိုးသွင်းအများဆုံးသူအဖြစ် (၁၁)ဂိုးနဲ့ ရပ်တည်နေပါတယ်။

တဲရန်းမော့ဖီး(လော်ရီးယန့်)

လီဂူးကလပ် လော်ရီးယန့်အသင်းရဲ့ အသက်(၂၃)နှစ်အရွယ် တိုက်စစ်မှူး မော့ဖီးဟာလည်း လော်ရီးယန့်အတွက် လီဂူးဂိုး (၁၂)ဂိုးသွင်းထားပြီး ဒီရာသီ လီဂူးမှာ ဘာပေပြီးရင် ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဂျိုနသန်ဒေးဗစ်နဲ့အတူ ပူးတွဲ ရပ်တည်နေပါတယ်။

ပေါလ်အွန်နာချူ(KRCဂျန့်)

ဘယ်လ်ဂျီယံကလပ် KRCဂျန့်မှာ ပါဝင်ကစားနေတဲ့ တိုက်စစ်ကစားသမား အွန်နာချူကတော့ ဒီရာသီရဲ့ န်ိုင်ဂျီးရီးယားသားတွေထဲမှာ ဂိုးအများဆုံး သွင်းယူထားသူဖြစ်ပြီး ဘယ်လ်ဂျီယံ အမှတ်ပေးလိဂ်မှာလည်း (၁၄)ဂိုးနဲ့ ဦးဆောင်နေပါတယ်။

ချူဘာအက်ခ်ပွန်(မစ်ဒယ်ဘရော့)

အာဆင်နယ် ကစားသမားဟောင်း အက်ခ်ပွန်ကတော့ ဒီရာသီမှာ မစ်ဒယ်ဘရော့အတွက် ဂိုးမြူးလို့နေပြီး လိဂ်ဂိုး(၁၃)ဂိုး သွင်းယူထားပြီး ချန်ပီယံရှစ်မှာ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်နေရပါတယ်။

Exit mobile version