ဒီနှစ် နွေဈေးကွက်အတွင်းမှာ နယူးကာဆယ်ယူနိုက်တက် အပါအဝင် ကလပ်အသင်းတချို့နဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေရတဲ့ အာဆင်နယ် တောင်ပံကစားသမား နီကိုလာပေပေက သူအနေနဲ့ အခုဈေးကွက်အတွင်းမှာ အသင်းပြောင်းရွှေ့မှာ မဟုတ်ပဲ အာဆင်နယ်အသင်းမှာပဲ ဆက်လက် ရှိနေသွားမယ်လို့ အတည်ပြု ပြောဆိုလို့သွားခဲ့ပါတယ်။

Nicolas Pepe appears to have committed his future to Arsenal

Photo Credit : The Sun

လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကမှ လိုင်လီအသင်းကနေ အာဆင်နယ်အသင်းဆီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်တဲ့ ယူရို(၇၉)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အိုင်ဗရီကို့စ်လက်ရွေးစင် ပေပေဟာ အာဆင်နယ်မှာ biggest flop player တစ်ဦး ဖြစ်လာခဲ့ရပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာဆိုရင်လည်း ပြိုင်ပွဲစုံ သွင်းဂိုးက (၃)ဂိုးသာ သွင်းယူနိုင်ခဲ့အထိကို စွမ်းဆောင်ရည်ပိုင်းက မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။ ဒီလို form အောက်နေတဲ့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ပေပေကို အာဆင်နယ်ဘက်က အခုနှစ် နွေဈေးကွက်ထဲမှာ ရောင်းထုတ်ပြီး တောင်ပံကစားသမားသစ်တစ်ဦး ပြန်လည် ဖြည့်တင်းသွားဖို့ စီစဉ်နေခဲ့ပေမယ့် ပေပေကိုယ်တိုင်ကတော့ အာဆင်နယ်မှာပဲ ဆက်လက် ရှိနေမယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

Mikel Arteta put in difficult position as Edu and Pepe's conflict of  opinion emerges - Mirror Online

Photo Credit : The Mirror

အသက်(၂၇)နှစ်အရွယ်ရှိ အိုင်ဗကို့စ် တောင်ပံကစားသမားဟောင်း ပေပေကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေ ရှားပါးနေတယ် ဆိုပေမယ့် ကစားသမား ဖြည့်တင်းဖို့ လိုအပ်နေတဲ့ နယူးကာဆယ်အသင်းက ပေပေကို အံ့အားသင့်ဖွယ် စိတ်ဝင်စားနေတယ်လို့ 90Min ကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် ပေပေကိုယ်တိုင်ကတော့ သူက အာဆင်နယ်အသင်းမှာ ဆက်ရှိနေဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ထုတ်ဖော် ပြောဆိုလာခဲ့ပြီး ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ ကောလဟာလတွေကိုပါ ငြင်းဆိုသွားခဲ့ပါတယ်။ ပေပေက သူရဲ့ အင်စတာဂရမ်မှာ အာဆင်နယ်အတွက် ရာသီကြို ခြေစမ်းပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ သူ့ဓါတ်ပုံနဲ့အတူ “နွေရာသီမှာ ကျွန်တော် အလုပ်တွေ ကြိုးစားခဲ့တယ်။ အရာများစွာလည်း ပြောင်းလဲသွားပါတယ်။ အာဆင်နယ်အသင်းနဲ့ အသင်းဖော်တွေနဲ့အတူ လာမယ့်ရာသီကို အာရုံစိုက်သွားဖို့အတွက် ဆုံးဖြတ်ထားပါတယ်” ဆိုတဲ့ စာသားတွေကို ရေးသား ဖော်ပြသွားခဲ့ပါတယ်။ ဒီစကားတွေအရ ပေပေအနေနဲ့ အသင်းအပြောင်းအလဲတွေ မလုပ်ဆောင်ပဲ အာဆင်နယ်မှာပဲ ဆက်နေပြီး နေရာတစ်နေရာ ရရှိဖို့အတွက်ကိုသာ ဆက်လက် တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ အဓိပ္ပါယ်မျ်ိုး ဖြစ်နေတဲ့အတွက် လာမယ့်ရာသီမှာလည်း ပေပေကို အာဆင်နယ်ဂျာစီနဲ့သာ ဆက်လက်မြင်တွေ့ရဖွယ် ရှိနေပါတယ်။