MySport Myanmar

တံကောက်ကြောဒဏ်ရာကြောင့် တစ်လခန့်လောက် အနားယူရဖွယ် ရှိနိုင်တဲ့ ကန်တေ

ချယ်လ်ဆီးအသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ ကွင်းလယ်လူ အန်ဂိုလိုကန်တေဟာ ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့ပြီး ဒီဒဏ်ရာအခြေအနေကြောင့်ပဲ (၃)ပတ်ကနေ (၄)ပတ်လောက်အထိ အနားယူသွားရနိုင်တယ်လို့ သိရပါတယ်။

Photo Credit : SPORTbible

ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ကန်တေဟာ ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ အသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ရပေမယ့် ဒုတိယပိုင်း ပွဲချိန်အတွင်းမှာ တံကောက်ကြောဒဏ်ရာ ခံစားသွားခဲ့ရတာကြောင့် ပွဲပြီးခါနီးမှာ ဂယ်လာဂါနဲ့ပါ လူစားလဲခဲ့ရပါတယ်။ ကန်တေဟာ ချယ်လ်ဆီးရဲ့ main player တစ်ဦးဖြစ်ပြီး စပါးနဲ့ ပွဲစဉ်မှာလည်း အသင်းအတွက် အကောင်းဆုံး ကစားသွားနိုင်ပေမယ့် မကြာခဏဆိုသလို ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေတတ်သလို အခုလည်း သူရဲ့ တံကောက်ကြောဒဏ်ရာကြောင့် တစ်လနီးပါးလောက်အထိပါ ဆက်လက် အနားယူရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Tribuna

ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း ဒူးဒဏ်ရာ ပေါင်ခြံဒဏ်ရာတွေအပြင် ကိုဗစ်ပါ ကူးစက်ခံခဲ့ရတဲ့ ကန်တေဟာ အမြဲလိုလို injury prone ဖြစ်နေတတ်တာကြောင့် ချယ်လ်ဆီးအသင်းဘက်က သူ့ကို စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ကိုပါ တွေဝေနေရတာဖြစ်ပြီး ကန်တေရဲ့ စာချုပ်က လာမယ့် ၂၀၂၃ခုနှစ်မှာပဲ ကုန်ဆုံးရတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ချယ်လ်ဆီးရဲ့ ကွင်းလယ်ပိုင်းက ကိုဗာဆစ်နဲ့ ကန်တေတို့နှစ်ဦးလုံး ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် လာမယ့် ပွဲတွေမှာတော့ ဂျော်ဂျင်ဟိုကို ဂယ်လာဂါနဲ့ တွဲဖက်ပေးဖွယ် ရှိနေရပါတယ်။ ကန်တေနဲ့ ကိုဗာဆစ်တို့နှစ်ဦးက မကြာခဏ ဒဏ်ရာပြသာနာတွေနဲ့ ကြုံတွေ့တတ်နေသူတွေ ဖြစ်သလို ဂယ်လာဂါရဲ့ အနာဂတ်ကလည်း မရေရာတဲ့ အနေအထားမှာ ရှိနေတာကြာင့် ချယ်လ်ဆီးအသင်းက အသင်းရဲ့ ကွင်းလယ်ပ်ိုင်းကို သွေးသစ်လောင်းဖို့အတွက် အခုနှစ် နွေဈေးကွက်ထဲမှာ အက်စတွန်ဗီလာအသင်းရဲ့ လူငယ်ကွင်းလယ်လူ ချူဝယ်မယ်ကာကို ခေါ်ယူထားခဲ့တာ ဖြစ်သလို အင်တာမီလန်ရဲ့ ဆယ်ကျော်သက် ကွင်းလယ်ကစားသမားလေး ကာဆက်ဒီကိုပါ ကြိုးပမ်းလာခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းရဲ့ နယ်သာလန် ကွင်းလယ်လူ ဖရန်ကီဒီယွန်းကိုလည်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့အပြိုင် အလိုရှိနေပြီး ဘာစီလိုနာဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းဖို့ အဆင့်သင့် ရှိနေပေမယ့်လည်း ကစားသမားကိုယ်တိုင်က ဘာစီလိုနာမှာ ဆက်လက် ရှိနေချင်တာကြောင့် ခေါ်ယူဖို့က ခက်ခဲနေရပြီး ဈေးကွက်ရဲ့ နောက်ဆုံးအအချိန်ထိ ကြိုးပမ်းသွားဖွယ်လည်း ရှိနိုင်ပါတယ်။

Exit mobile version