MySport Myanmar

ယူနိုက်တက် နည်းပြဟောင်း ဆိုးလ်ရှားနဲ့ လက်တွဲသွားဖို့ ရှိနေတဲ့ ကန်တေ

ချယ်လ်ဆီး လက်စတာအသင်းတို့ရဲ့ ကစားသမားဟောင်းကြီး အန်ဂိုလို ကန်တေဟာ လက်ရှိမှာ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းကနေ မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း အိုလေ ဂန်နာ ဆ်ုးလ်ရှား ကိုင်တွယ်နေတဲ့ ဘက်ဆစ်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးနေတယ်လို့ သတင်းထွက်လာပါတယ်။

ပြင်သစ် လက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမားကြီး ကန်တေဟာ ချယ်လ်ဆီးနဲ့ လက်စတာအသင်းတွေမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို ပြင်သစ်အသင်းနဲ့လည်း ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာပါ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သေးပါတယ်။

Photo Credit : Daily Mail

၂၀၂၃ နွေမှာတော့ ကန်တေက ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန် ဆော်ဒီပရိုလိဂ် ထိပ်သီးကလပ် အယ်လ်အစ်တီဟတ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး အဲ့ဒီအသင်းမှာ ပြင်သစ်အသင်းဖော် ဘန်ဇီမာ အပါအဝင် ဖာဘင်ဟို ဒီယာဘီ အာဝါ ဘာ့ဂျ်ဝိုင်း ပါရဲယားတို့လို ဥရောပက ကစားသမားတွေနဲ့ တွဲဖက်ကစားနေရပါတယ်။

အခုတော့ ကန်တေဟာ အယ်လ်အစ်တီဟတ်နဲ့ (၂)ရာသီနီးပါး ဖြတ်သန်းထားရချိန် ဥရောပ ဘောလုံးနယ်ပယ်ထဲကို ပြန်လာချင်နေသလို သူ့ကိုလည်း တူရကီကလပ် ဘက်ဆစ်တက်ကို ကိုင်တွယ်နေတဲ့ နည်းပြဆိုးလ်ရှားက ကန်တေလို အတွေ့အကြုံရင့် ကစားသမားတစ်ဦးကို သူ့အသင်းဆီ အရ ခေါ်ယူသွားချင်နေပါတယ်။

Photo Credit : Outlook India

ကန်တေဟာ ပြီးခဲ့တဲ့ တစ်နှစ်လောက်ကလည်း ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်မှု ရှိခဲ့သလို ဝက်စ်ဟမ်းဘက်ကလည်း ကန်တေအတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင်(၂၁)သန်းနဲ့ ကမ်းလှမ်းဖို့ အသင့်ရှိခဲ့ပေမယ့် ဆော်ဒီအသင်းကတော့ ကန်တေကို စာချုပ်သက်တမ်း ကုန်ဆုံးချိန်အထိ ဆက်လက် ထိန်းထားချင်တာကြောင့် ပယ်ချခဲ့ပါတယ်။

အခုလည်း ကန်တေကို ဘက်ဆစ်တက်လို အသင်းမျိုးကပါ အလိုရှိလာခဲ့ပြန်ပြီး ကန်တေကလည်း ဒီရာသီမှာ အယ်လ်အစ်တီဟတ်နဲ့အတူ ဆော်ဒီပရိုလိဂ် အမှတ်ပေး ချန်ပီယံဆုကို ရရှိဖို့ ရှိနေတာကြောင့် ဒီဖလားကြီး ပိုင်ဆိုင်ပြီးသွားရင်တော့ ဥရောပကို ပြန်လာဖို့ ရှိနေတဲ့အတွက် ဘက်ဆစ်တက်နဲ့ ကန်တေတို့ရဲ့ အပြောင်းအရွှေ့က စောင့်ကြည့်ချင်စရာ ဖြစ်လာခဲ့ပါတယ်။

Exit mobile version