ပီအက်စ်ဂျီ နည်းပြ တူချယ်ကတော့ မနေ့ည ကစားသွားခဲ့တဲ့ ပြင်သစ် ဖလား ပြိုင်ပွဲမှာ ဒီယွန်းအသင်းကို (၁-၆) နဲ့ အနိုင်ရရှိပြီးတဲ့နောက် နေမာအနေနဲ့ ဒေါ့မွန်အသင်းနဲ့ ကစားသွားရမယ့် ပွဲစဉ်မှာ ကစားနိုင်ဖို့ မသေချာဘူးလို့ ပြောသွားခဲ့ပါတယ်။ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ ဖေဖော်ဝါရီလ (၁) ရက်နေ့က မောင့်ပယ်လီယာအသင်းနဲ့ ကစားသွားခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် လက်ရှိအချိန်မှာ ဆေးကုသမှု ခံယူနေပြီး အနားယူနေရတာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ပီအက်စ်ဂျီအသင်းဟာ စနေနေ့ည အာမီယန်အသင်းနဲ့ လီးဂူးဝမ်း ပွဲစဉ် ကစားပြီးရင် ကြားရက် အင်္ဂါနေ့ည ဗုဒ္စဟူးနေ့ နံနက် (၂း၃၀) အချိန်မှာတော့ ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ် (၁၆) သင်း အဆင့် ပထမအကျော့ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ နည်းပြ တူချယ်ဟာ မနေ့ညက ဒီယွန်းအသင်းကို (၁-၆) နဲ့ အနိုင်ရရှိပြီးတဲ့နောက် နေမာ အကြောင်း အမေးခံခဲ့ရတဲ့ အချိန်မှာ သူက နေမာအနေနဲ့ ဒေါ့မွန်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာဘူးလို့ ပြောသွားပါတယ်။

Photo Credit: Goal

နည်းပြ တူချယ်ဟာ ပွဲပြီးတဲ့နောက် နေမာ အကြောင်း အမေးခံခဲ့ရတဲ့ အချိန်မှာ “နေမာအနေနဲ့ ဒေါ့မွန်အသင်းနဲ့ ကစားသွားရမယ့် ပွဲစဉ်မှာ (၁၀၀) ရာခိုင်နှုန်း ကစားနိုင်လိမ့်မယ်လို့ ကျွန်တော် မပြောနိုင်ပါဘူး။ ကျွန်တော်တို့ အရင် ဆွေးနွေးပြီး သောကြာနေ့မှာ သူ ဘယ်အချိန် အစောဆုံး ကစားနိုင်မလဲ ဆိုတာကို ဆုံးဖြတ်ချက်ချသွားမှာပါ။ ကျွန်တော်တို့အနေနဲ့က သူ့ရဲ့ ကြံခိုင်မှုကို အရဲ့မစွန့်နိုင်ပါဘူး။ အမီယန်အသင်းနဲ့ ပွဲစဉ်မှာ အရဲစွန့်သွားမှာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။