ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး နေမာဟာ ပြီးခဲ့တဲ့ အပတ်က ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်မှာ အတ္တလန်တာအသင်းကို (၂-၁) နဲ့ အနိုင်ရရှိခဲ့စဉ်က ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။ နည်းပြ တူချယ်ရဲ့ ပီအက်စ်ဂျီအသင်းဟာ အတ္တလန်တာအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပါဆာလစ်ရဲ့ သွင်းဂိုးကြောင့် စတင် ဦးဆောင်ခံခဲ့ရပေမယ့်လည်း မာကွင်ဟိုစ် နဲ့ ချူပိုမိုတင်းရဲ့ သွင်းဂိုး (၂) ဂိုးကြောင့် အတ္တလန်တာအသင်းကို (၂-၁) ရလဒ်နဲ့ နိုင်ပွဲ ပြန်ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်မှာ အတ္တလန်တာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ပွဲစဉ်ကို တက်လှမ်းခဲ့တာ ဖြစ်ပြီး (၁၉၉၄-၉၅) ခုနှစ်ကတည်းက ပထမဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ နည်းပြ တူချယ်ရဲ့ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ပွဲစဉ်မှာ လိုက်ပ်ဇစ်အသင်းနဲ့ ကစားသွားရမှာ ဖြစ်ပြီး ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်ကိုတော့ လာမယ့် သြဂုတ်လ၊ (၁၉) ရက်နေ့၊ ဗုဒ္စဟူးနေ့ည၊ ပေါ်တူဂီနိုင်ငံမှာ ယှဉ်ပြိုင် ကစားသွားကြမှာ ဖြစ်ပါတယ်။

Photo Credit: Goal

အသက် (၂၈) နှစ်အရွယ် တိုက်စစ်မှူး နေမာဟာ အတ္တလန်တာအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်မှာ ဘောလုံး ဆွဲပြေးမှု (၁၆) ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် (၂၀၀၈) ခုနှစ် နောက်ပိုင်း ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဘောလုံး ဆွဲပြေးမှု အကြိမ်ရေ အများဆုံး ဖြစ်ခဲ့ပါတယ်။ တိုက်စစ်မှူး နေမာဟာ အတ္တလန်တာ အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ပွဲတစ်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု (MOTM) ဆုကို ရရှိခဲ့တာ ဖြစ်ပြီး လက်ရှိမှာလည်း ကွာတား ဖိုင်နယ် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီး လက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူး နေမာဟာ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်က ရရှိခဲ့တဲ့ ပွဲစဉ် တစ်ပွဲရဲ့ အကောင်းဆုံးဆုကို မယူဘဲ အနိုင်ဂိုး သွင်းပေးခဲ့တဲ့ အသင်းဖော် ချုပိုမိုတင်းကို ပေးခဲ့တာ ဖြစ်ပါတယ်။