MySport Myanmar

၂၀၂၅ခုနှစ်မှ ဘာစီလိုနာဆီ အလွတ်နဲ့ ပြန်လာခဲ့မယ့် နေမာ

ပြင်သစ် သတင်းမီဒီယာ L’Equie ကနေ ဖော်ပြချက်တွေအရ ဘရာဇီးလ် စူပါစတား တိုက်စစ် ကစားသမား နေမာက လာမယ့် ၂၀၂၅ခုနှစ်မှာ သူရဲ့အသင်းဟောင်း ဘာစီလိုနာဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ပြောင်းရွှေ့လိမ့်မယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

လက်ရှိမှာတော့ နေမာဟာ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ် ဟီလာအသင်းဆီ (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားတော့မှာဖြစ်ပြီး ၂၀၂၅ခုနှစ်ရောက်လို့ အယ်လီ ဟီလာနဲ့ စာချုပ် ကုန်ဆုံးသွားချိန်မှာ အသင်းဟောင်း ဘာစီလိုနာဆီ ပြန်သွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

Photo Credit : Khel Now

အသက်(၃၁)နှစ် ဆမ်ဘာ ကြယ်ပွင့်ကြီး နေမာက ဒီနွေမှာ ပီအက်စ်ဂျီက ထွက်ခွာပြီး အသင်းဟောင်း ဘာစီလိုနာဆီ ပြန်သွားဖို့ အစီအစဥ် ရှိခဲ့သလို ဘာစီလိုနာ ဥက္ကဌ လာပေါ်တာကလည်း နေမာကို ပြန်ခေါ်ယူချင်ပေမယ့် နည်းပြဇာဗီက သူ့အသင်းအတွက် နေမာကို မခေါ်ယူလိုတာကြောင့် အပြောင်းအရွှေ့က တန့်သွားခဲ့ရပါတယ်။

အဲ့ဒီအချိန်မှာ မက်ဆီ ဘာပေတို့အထိ ကြိုးပမ်းခဲ့သေးတဲ့ အယ်လ် ဟီလာအသင်းက နေမာကို ခေါ်ယူဖို့ ဝင်ရောက် ကြိုးပမ်းလာခဲ့ရာ နောက်ဆုံးမှာတော့အသင်းနဲ့ရော ကစားသမားနဲ့ပါ သဘောတူညီမှုတွေ အသီးသီး ရရှိရင်း အသင်းအတွက် mega signing တစ်ခုကိုပါ လုပ်ဆောင်သွားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit : Barca Blagranes

ဥရောပ ဘောလုံးနယ်ပယ်ကနေ ဆော်ဒီလိဂ်ဆီ ကူးပြောင်းသွားတော့မယ့် နေမာက ဆော်ဒီမှာ ဘောလုံးရာသီ (၂)ရာသီ ကျင်လည်ပြီးချိန် အယ်လ် ဟီလာအသင်းနဲ့ စာချုပ် ကုန်ဆုံးပါက အသင်းဟောင်း ဘာစီလိုနာဆီ ပြန်သွားဖို့ကိုပါ တစ်ခါတည်း စီစဥ်ထားခဲ့တယ်လို့ သိရပါတယ်။

၂၀၂၅မှာ ဘာစီလိုနာအသင်းဆီကို ပြန်လည် ပြောင်းရွှေ့ရင်း ၂၀၂၆ခုနှစ်မှာ ကျင်းပသွားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးတွင် ဘရာဇီးလ်အသင်းအတွက် အမြင့်ဆုံးအဆင့်နဲ့ ယှဥ်ပြိုင်ပေးသွားနိုင်ဖို့ ပြင်ဆင်သွားလိမ့်မယ်လို့ L’Equie ကနေ ဖော်ပြခဲ့ပါတယ်။

Exit mobile version