MySport Myanmar

ဆော်ဒီလိဂ် ပွဲဦးထွက်မှာ ဂိုးဖန်တီးမှုပါ ပြုလုပ်သွားနိုင်ခဲ့တဲ့ နေမာ

ဘရာဇီးလ် စူပါစတား တိုက်စစ် ကစားသမားဖြစ်သူ နေမာကတော့ သူရဲ့ ကလပ်အသင်းသစ် အယ်လ်ဟီလာအသင်းအတွက် စတင် ပွဲဦးထွက် ကစားခဲ့ရပြီပဲ ဖြစ်ပါတယ်။

အယ်လ်ဟီလာအသင်း နဲ့ အယ်လ်ရီယာ့ဒ်အသင်းတို့ ရင်ဆိုင်ခဲ့ကြတဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အယ်လ်ဟီလာအသင်းရဲ့ စူပါစတား ကစားသမား နေမာက ဒုတိယပိုင်း ပွဲကစားချိန်အတွင်းမှာ အယ်လ်ဟီလာအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့ရင်း ဂိုးဖန်တီးမှုပါ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : Twitter

နိုင်ငံတကာ ရက်သတ္တပတ်အတွင်း ဘရာဇီးလ်အသင်းအတွက် ဂိုးတွေ သွင်းယူပေးရင်း ဘရာဇီးလ် ဂန္တဝင်ကစားသမားကြီး ပီလီရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး ဘရာဇီးလ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့တဲ့ နေမာဟာ အခုလည်း အယ်လ်ဟီလာအတွက် ကစားခွင့်ရတဲ့ နာရီဝက်လောက်အတွင်းမှာပဲ အသင်းကို အကောင်းဆုံး အကျိုးပြုနိုင်ခဲ့ပါတယ်။

နေမာက သူရဲ့ ဘရာဇီးလ်အသင်းဖော် မယ်လ်ကွန်ရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး (၈၇)မိနစ်မှာ အယ်လ်ဟီလာ ပင်နယ်တီကန်ခွင့် ရရှိချိန် နေမာကို ကန်သွင်းခြင်း မရှိခဲ့တာကြောင့် အယ်လ်ဟီလာ ပရိသတ်တွေက သူတို့အသင်းအပေါ် လှောင်ပြောင်ခဲ့ကြပါသေးတယ်။

Photo Credit : Twitter

နေမာရဲ့ အယ်လ်ဟီလာအတွက် ပွဲဦးထွက်မှာ အယ်လ်ဟီလာအသင်းကလည်း (၆)ဂိုး (၁)ဂိုးနဲ့ကို အပြတ်အသတ် နိုင်ပွဲရခဲ့ပြီး လက်ရှိမှာလည်း (၆)ပွဲကစား (၅)ပွဲနိုင် (၁)ပွဲသရေ ရမှတ် (၁၆)မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိနေပါတယ်။

နေမာကတော့ လာမယ့် (၁၉)ရက်နေ့ ဥဇဘက်ကစ္စတန်ကလပ်နဲ့ ရင်ဆိုင်ရမယ့် AFC ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်မှသာ အယ်လ်ဟီလာအသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် fully debut အနေနဲ့ ပါဝင်ကစားသွားရဖို့ ရှိနေပြီး ဒါမှမဟုတ်လည်း Damac အသင်းနဲ့ ကစားရမယ့် ဆော်ဒီပရိုလိဂ်ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ကစားရနိုင်ပါတယ်။

Exit mobile version