ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမား နေမာက လက်ရှိမှာ သူ့အနေနဲ့ လီယွန်နယ်မက်ဆီ ကီလီယန်အမ်ဘာပေတို့လို ထိပ်တန်းဘောလုံးသမားတွေနဲ့အတူ ပီအက်စ်ဂျီအသင်းမှာ တွဲဖက်ကစားနေရပေမယ့် သူနဲ့ အသင်းနဲ့ကြားက စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန်မှာ အမိမြေ ဘရာဇီးလ်ကို ပြန်သွားဖို့ထက် အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲမှာ သွားရောက်ကစားလိုတယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

Neymar: I don't know if I have the mental capacity to continue playing  football | Marca

Photo Credit : Marca

မကြာသေးခင်ကမှ အသက်(၃၀)ပြည့်မြောက်ထားခဲ့တဲ့ ဘရာဇီးလ် ဘောလုံးစူပါစတား နေမာဟာ လက်ရှိ သူရဲ့ကလပ် ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာ ဖြစ်ပေမယ့် အဲ့ဒီစာချုပ်သာ ကုန်ဆုံးသွားမယ်ဆိုရင်တော့ နေမာက ဘရာဇီးလ်ကို ပြန်သွားပြီး သူရဲ့ဘောလုံးသမားဘဝကို ဆက်လက်ဖြတ်သန်းဖို့ထက် မေဂျာလိဂ်ကိုသာ သွားရောက်ကစားချင်တယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။ နေမာက “ဘရာဇီးလ်မှာ ပြန်ကစားဖြစ်မလားဆိုတာကတော့ ကျွန်တော်လည်း မသိသေးဘူး။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ သံသယနည်းနည်းတော့ ရှိနေတယ်။ တကယ်တော့ ကျွန်တော် အမေရိကန်မှာ သွားရောက်ကစားဖို့ကို ပိုသဘောကျနေမိတယ်။ အဲ့ဒီမှာ အနည်းဆုံး တစ်နှစ်လောက်တော့ ကစားချင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Neymar Jr wants to play in USA: PSG stars eyes MLS, Brazil World Cup,  Pele's record | Sporting News

Photo Credit : Sporting News

မေဂျာလိဂ်ပြိုင်ပွဲက ဘာအကြောင်းကိစ္စတွေနဲ့ သူ့ကို စွဲဆောင်နေရတာလဲ ဆိုတာနဲ့ပတ်သက်ပြီး နေမာက “သူတို့ရဲ့ ဘောလုံးရာသီက တိုတောင်းတယ်လေ။ ဒါကြောင့် ကျွန်တော်လည်း (၃)လလောက်အထိကို အားလပ်ရက် ရတာပေါ့” လို့ နောက်ပြောင်ပြီး ဖြေဆိုသွားခဲ့ပါတယ်။ စီနီယာ ကစားသမားဘဝကို အသက်(၁၇)နှစ်လောက်ကနေပဲ စတင်ခဲ့တဲ့ နေမာဟာ နာမည်ကျော် ဘောလုံးသမား ဖြစ်လာပြီးနောက်မှာတော့ ဒဏ်ရာပြသာနာတွေနဲ့ မကြာခဏ ရင်ဆိုင်ခဲ့ရပြီး ဒီဒဏ်ရာ ပြသာနာတွေက သူရဲ့ပုံမှန်ခြေစွမ်းကို အနှောင့်အယှက် ဖြစ်စေရတာကြောင့် နေမာအနေနဲ့ သူပါဝင်ကစားဖူးတဲ့ ဘာစီလိုနာ ပီအက်စ်ဂျီတို့နဲ့သာ အသင်းလိုက် ဆုဖလားတွေကို ပိုင်ဆိုင်ခဲ့ရပေမယ့် တစ်ဦးချင်း ထူးချွန်မှုအတွက် ပေးအပ်ချီးမြှင့်လေ့ရှိတဲ့ ဆုတွေမှာတော့ နေမာဟာ ဆုတွေ ရယူနိုင်ခြင်း မရှိသေးပဲ ဆန်ခါတင်စာရင်းလောက်သာ ပါဝင်ခဲ့ရပါတယ်။ လက်ရှိမှာ အသက်(၃၀)အရွှယ်ထိကိုတောင် ရောက်ရှိနေပြီဖြစ်တဲ့ နေမာက သူ့အသက် (၃၂)နှစ်အရွှယ်လောက်မှာ ဘောလုံးသမားဘဝကို အဆုံးသတ်မယ်လို့ မိတ်ဆွေတွေကို ထုတ်ပြောဖူးထားပေမယ့်လည်း သူရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကသာ ကြံခိုင်နေမယ်ဆိုရင် ဘောလုံးသမားဘဝကို ဆက်သွားမှာဖြစ်ပေမယ့် သူ့အတွက် စိတ်ပိုင်းဆိုင်ရာကသာ ပိုအရေးပါတယ်လို့ ရှင်းလင်းပြောဆိုထားခဲ့ပါတယ်။