ယမန္ေန႔မွာညမွာေတာ့ အေမရိကန္နိုင္ငံရဲ့ နာမည္ေက်ာ္ ဂႏၲဝင္ဘတ္စကတ္ေဘာ ကစားသမားတစ္ဦးျဖစ္တဲ့ အသက္၄၂ႏွစ္အရြယ္ ကိုဘီ ဘရိုင္ယန္ကေတာ့ ရဟတ္ယာဥ္ပ်က္က်မွု တစ္ခုအတြင္းမွာ သူ႔ရဲ့သမီးငယ္ေလးနဲ႔အတူ ေသဆုံးသြားခဲ့ပါတယ္။ ဘရိုင္ယန္ဟာ အေမရိကန္ ဘတ္စကတ္ေဘာၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ NBA ၿပိဳင္ပြဲရဲ့ ဂႏၲဝင္ကစားသမားတစ္ဦးျဖစ္သလို အားကစားၿပိဳင္ပြဲေတြနဲ႔ ပတ္သတ္ရင္လည္း အျမဲတမ္းလိုလို တက္ႂကြစြာ ပါဝင္ေလ့ရွိတာေၾကာင့္ ဘရိုင္ယန္ကို ဆုံးရွုံးခဲ့ရတာဟာ အားကစားေလာကအတြက္ေတာ့ ႀကီးမားတဲ့ ဆုံးရွုံးမွု တစ္ခုပါပဲ။

Photo Credit: Standard.com

ျပင္သစ္နာမည္ႀကီးအသင္း တစ္သင္းျဖစ္တဲ့ ပီအက္စ္ဂ်ီအသင္းရဲ့ အဓိက ကစားသမား ေနမာဟာဆိုရင္ေတာ့ လိုင္လီအသင္းနဲ႔ပြဲစဥ္မွာ ပင္နယ္တီကေနတဆင့္ အသင္းအတြက္ သြင္းဂိုး သြင္းယူေပးခဲ့ၿပီးေနာက္ပိုင္းမွာ ဘရိုင္ယန္ရဲ့ ေသဆုံးျခင္းအတြက္ ရည္စူးကာ ေအာင္ပြဲခံမွု တစ္ခု ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

Photo Credit: Standard.com

ပီအက္စ္ဂ်ီအသင္းက လိုင္လီအသင္းကို အေဝးကြင္းမွာ ႏွစ္ဂိုး ဂိုးမရွိဆိုတဲ့ရလဒ္နဲ႔ အနိုင္ ရရွိခဲ့တဲ့ပြဲစဥ္မွာ ေနမာဟာ ပီအက္စ္ဂ်ီအသင္း ရရွိခဲ့တဲ့ သြင္းဂိုးႏွစ္ဂိုးစလုံးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး သူဟာ ပထမပိုင္းမွာတစ္ဂိုး ၊ ဒုတိယ ပိုင္းမွာတစ္ဂိုး သြင္းယူနိုင္ခဲ့တာပါ။ ကိုဘီ ေသဆုံးတဲ့ သတင္းကိုေတာ့ ပထမပိုင္းပြဲကစားခ်ိန္အၿပီးမွာ ေနမာက သိရွိခဲ့ရတာျဖစ္ၿပီး အဲ့ဒီေနာက္ ဒုတိယပိုင္းပြဲကစားခ်ိန္မွာ ဂိုးသြင္းယူရာကေန ကိုဘီအတြက္ ရည္စူးကာ ေအာင္ပြဲခံခဲ့တာလည္း ျဖစ္ပါတယ္။

Photo Credit: Standard.com

ေနမာဟာ ပင္နယ္တီကေနတဆင့္ ဂိုးသြင္းယူအၿပီးမွာ ၂၄ဆိုတဲ့ စာလုံးကို လက္နဲ႔ပုံေဖာ္ခဲ့ၿပီး ကိုဘီ ဘရိုင္ယန္ကို ရည္စူးကာ ေအာင္ပြဲခံခဲ့တာလည္း ျဖစ္ပါတယ္။ ဘရိုင္ယန္ဟာ သူ႔ရဲ့ ဘတ္စကတ္ေဘာ ကစားသမားဘဝမွာ ေက်ာနံပါတ္၂၄ကိုသာ ဝတ္ဆင္ခဲ့သူျဖစ္တာေၾကာင့္ ေနမာဟာ အခုလို ေအာင္ပြဲခံခဲ့တာပါ။

Rest in Peace Kobe Bryant…

ယမန်နေ့မှာညမှာတော့ အမေရိကန်နိုင်ငံရဲ့ နာမည်ကျော် ဂန္တဝင်ဘတ်စကတ်ဘော ကစားသမားတစ်ဦးဖြစ်တဲ့ အသက်၄၂နှစ်အရွယ် ကိုဘီ ဘရိုင်ယန်ကတော့ ရဟတ်ယာဉ်ပျက်ကျမှု တစ်ခုအတွင်းမှာ သူ့ရဲ့သမီးငယ်လေးနဲ့အတူ သေဆုံးသွားခဲ့ပါတယ်။ ဘရိုင်ယန်ဟာ အမေရိကန် ဘတ်စကတ်ဘောပြိုင်ပွဲတစ်ခုဖြစ်တဲ့ NBA ပြိုင်ပွဲရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်သလို အားကစားပြိုင်ပွဲတွေနဲ့ ပတ်သတ်ရင်လည်း အမြဲတမ်းလိုလို တက်ကြွစွာ ပါဝင်လေ့ရှိတာကြောင့် ဘရိုင်ယန်ကို ဆုံးရှုံးခဲ့ရတာဟာ အားကစားလောကအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုပါပဲ။

Photo Credit: Standard.com

ပြင်သစ်နာမည်ကြီးအသင်း တစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက ကစားသမား နေမာဟာဆိုရင်တော့ လိုင်လီအသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီကနေတဆင့် အသင်းအတွက် သွင်းဂိုး သွင်းယူပေးခဲ့ပြီးနောက်ပိုင်းမှာ ဘရိုင်ယန်ရဲ့ သေဆုံးခြင်းအတွက် ရည်စူးကာ အောင်ပွဲခံမှု တစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Standard.com

ပီအက်စ်ဂျီအသင်းက လိုင်လီအသင်းကို အဝေးကွင်းမှာ နှစ်ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ အနိုင် ရရှိခဲ့တဲ့ပွဲစဉ်မှာ နေမာဟာ ပီအက်စ်ဂျီအသင်း ရရှိခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့တာဖြစ်ပြီး သူဟာ ပထမပိုင်းမှာတစ်ဂိုး ၊ ဒုတိယ ပိုင်းမှာတစ်ဂိုး သွင်းယူနိုင်ခဲ့တာပါ။ ကိုဘီ သေဆုံးတဲ့ သတင်းကိုတော့ ပထမပိုင်းပွဲကစားချိန်အပြီးမှာ နေမာက သိရှိခဲ့ရတာဖြစ်ပြီး အဲ့ဒီနောက် ဒုတိယပိုင်းပွဲကစားချိန်မှာ ဂိုးသွင်းယူရာကနေ ကိုဘီအတွက် ရည်စူးကာ အောင်ပွဲခံခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Standard.com

နေမာဟာ ပင်နယ်တီကနေတဆင့် ဂိုးသွင်းယူအပြီးမှာ ၂၄ဆိုတဲ့ စာလုံးကို လက်နဲ့ပုံဖော်ခဲ့ပြီး ကိုဘီ ဘရိုင်ယန်ကို ရည်စူးကာ အောင်ပွဲခံခဲ့တာလည်း ဖြစ်ပါတယ်။ ဘရိုင်ယန်ဟာ သူ့ရဲ့ ဘတ်စကတ်ဘော ကစားသမားဘဝမှာ ကျောနံပါတ်၂၄ကိုသာ ဝတ်ဆင်ခဲ့သူဖြစ်တာကြောင့် နေမာဟာ အခုလို အောင်ပွဲခံခဲ့တာပါ။

Rest in Peace Kobe Bryant…