ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာကတော့ သူ့ရဲ့ ကလပ်အသင်းဖော် အမ်ဘာပေကို ပြိုင်ဘက်ကင်း ကစားသမားလို့ ပြောခဲ့ပြီး သမိုင်း တစ်လျှောက် အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်တယ်လို့ အသာကုန် ချီးကျူးသွားပါတယ်။ တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ နေမာ နဲ့ အမ်ဘာပေဟာ (၂၀၁၇) ခုနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာခဲ့ကြပြီး သူတို့နှစ်ဦးဟာ လက်ရှိမှာတော့ ဈေးအကြီးဆုံး တိုက်စစ်မှူးတွေ အဖြစ် သတ်မှတ်ခံရပြီ ဖြစ်ပါတယ်။

Photo Credit:

အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ (၁၀၅) ပွဲ ကစားထားရာမှာ သွင်းဂိုး (၈၂) ဂိုး သွင်းယူထားပြီး နေမာကတော့ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ (၇၃) ပွဲ ကစားခဲ့ရာမှာ (၆၆) ဂိုး သွင်းယူထားပါတယ်။ နည်းပြ တူချယ်ရဲ့ ပီအက်စ်ဂျီအသင်းဟာ လက်ရှိမှာ လီဂူးဝမ်း ဖလား (၃) နှစ်ဆက် ရရှိဖို့ ရေပန်းစားနေပြီး တိုက်စစ်မှူး နေမာကတော့ အမ်ဘာပေလို့ ကစားသမားနဲ့ တွဲကစားခွင့်ရတာက ကြီးမားတဲ့ ဂုဏ်ယူစရာပါလို့ FIFA.com မှာ အခိုင်အမာ ပြောခဲ့ပါတယ်။

Photo Credit:

နေမာက “အမ်ဘာပေက ပြိုင်ဘက်ကင်းပါ။ သူဟာ သမိုင်း တစ်လျှောက် အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်တဲ့ အရည်အသွေး ရှိပါတယ်။ သူနဲ့ အသင်းဖော် အဖြစ် ကစားခွင့်ရရှိတာဟာ ကြီးမားတဲ့ ဂုဏ်ယူစရာပါ။ ကျွန်တော်တို့နှစ်ဦး ဘောလုံးကွင်းထဲမှာ တစ်ဦး နဲ့ တစ်ဦး ကောင်းစွာ နားလည်ကြပါတယ်။ ကျွန်တော် သူ့ကို သဘောကျပါတယ်။ လက်ရှိ ပီအက်စ်ဂျီအသင်းက အင်အား အတောင့်ဆုံး အသင်းမဟုတ်ပါဘူး။ ဒါပေမဲ့ ခြားနားမှု ခံစားရပါတယ်”လို့ ပြောပါတယ်။