ဘရာဇီး တိုက်စစ်မှူး နေမာဟာ သူ့ရဲ့ ဆံပင်ပုံစံတွေကို အမျိုးမျိုး ပြောင်းတတ်ပြီး ကမ္ဘာပေါ်က ရုပ်အဖြောင့်ဆုံး ဘောလုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်ပေမဲ့ ဘက်ခမ်းကိုတော့ မမှီပါဘူးလို့ ပြောကြားသွားပါတယ်။ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ လက်ရှိမှာ ဒဏ်ရာရနေတာကြောင့် အနားယူနေရပြီး လီးဂူးဝမ်း ပွဲစဉ် (၁၄) ပွဲ ကစားထားရာမှာ သွင်းဂိုး (၁၃) ဂိုး နဲ့ ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ထားတာကြောင့် သွင်းဂိုး (၁၉) ဂိုးမှာ တိုက်ရိုက်ကို ပါဝင်ပက်သက်နေပါတယ်။

 

Photo Credit: EveningNews

တိုက်စစ်မှူး နေမာဟာ ထူးခြားစွာနဲ့ပဲ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ မွေးနေ့ တူနေကြပြီး အခုလ ဖေဖော်ဝါရီလ (၅) ရက်နေ့က အသက် (၂၈) နှစ် ပြည့်သွားတာ ဖြစ်ပါတယ်။ ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူး နေမာဟာ ငွေကြေး နဲ့ ရူပါ ပြည့်စုံတယ်လို့ သတ်မှတ်နိုင်ပေမဲ့လည်း သူကတော့ မန်ယူအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဘက်ခမ်းရဲ့ စတိုင်ကို အတုယူခဲ့ပြီး ဘက်ခမ်းက ကမ္ဘာပေါ်က စတိုင်အကျဆုံး လူတွေထဲက တစ်ဦး ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: EveningNews

နေမာက “ကျွန်တော် ဘက်ခမ်းရဲ့ ဆံပင်ပုံစံ အချို့တလေးကို အတော်လေး အတုခိုးခဲ့တာပါ။ ကျွန်တေ်ာတို့တွေက သူ့ရဲ့ နောက်ကို လိုက်ပြီး ကိုယ့်ဟာကိုယ် မော်ဒယ် လုပ်လာခဲ့ကြတာပါ။ သူက ကမ္ဘာပေါ်က စတိုင်အကျဆုံး လူတွေထဲက တစ်ဦး ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီတော့ သူ့ကို အတုခိုးဖို့လိုပါတယ်။ ကျွန်တော်တို့တွေက သူ့လိုတော့ မချောကြပါဘူး။ ဒါပေမဲ့ သူ့ကို အတုခိုးဖို့ ကြိုးစားကြပါတယ်။ ကျွန်တော်တို့မှာ စံပြပုဂ္ဂိုလ်လိုပါတယ်”လို့ ပြောခဲ့ပါတယ်။