ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ လက်ရှိမှာ နံရိုး ဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပေမဲ့ ဒေါ့မွန်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် (၁၆) သင်းအဆင့် အဝေးကွင်း ပွဲစဉ်မှာ ရလဒ်ကောင်း ရရှိဖို့ မျှော်လင့်ပါတယ်လို့ ပြောသွားပါတယ်။ တိုက်စစ်မှူး နေမာဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့က မောင့်ပယ်လီယာအသင်းကို (၅-ဝ) နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် ဒီနေ့ည အာမီယန်အသင်းနဲ့ ကစားမယ့် ပွဲစဉ်ကို လွဲချော်နိုင်ပြီး ဒေါ့မွန်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ပါတယ်။

Photo Credit: Skysports

ပီအက်စ်ဂျီ နည်းပြ တူချယ်က တိုက်စစ်မှူး နေမာဟာ အာမီယန်အသင်းနဲ့ ကစားမယ့် လီးဂူးဝမ်း ပွဲစဉ် မတိုင်ခင် ဆေးစစ်မှု ခံယူမှာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး နေမာအနေနဲ့ ယနေ့ည ပွဲစဉ်မှာ မပါဝင်လာနိုင်ချေ ပိုများပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ယနေ့ည (၁၁း၀၀) အချိန် အာမီယန်အသင်းနဲ့ ကစားပြီးရင် အင်္ဂနေ့ည၊ ဗုဒ္စဟူးနေ့ နံနက် (၂း၃၀) မှာ ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပြီး နေမာက ရလဒ်ကောင်း ရယူနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Skysports

နေမာက “ဒေါ့မွန်အသင်းက အရည်အချင်း ရှိတဲ့ ကစားသမားတွေ အများကြီး ပါဝင်နေကြတဲ့ အသင်းပါ။ သူတို့မှာ စပယ်ရှယ် ကစားသမား တစ်ဦး ရှိပြီး သူက အသစ် ဖြစ်ပေမဲ့ အလွန်ကို ကောင်းနေပြန်ပါတယ်။ သူ့ရဲ့ နာမည်က ဆန်ချိုပါ။ ဒေါ့မွန်အသင်းမှာ သွားရောက်ကစားရမှာ ကျွန်တော်တို့အတွက် ခက်ခဲတာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ပွဲကောင်း ကစားဖို့ မျှော်လင့်ပြီး ရလဒ်ကောင်းနဲ့ ပြင်သစ်ကို ပြန်လာပါမယ်”လို့ ပြောခဲ့ပါတယ်။