MySport Myanmar

ဘာလွန်းဒေါဆုအတွက် ဗင်နီစီယပ်စ်ထက် ထိုက်တန်သူ မရှိဘူးလို့ ဆိုလိုက်တဲ့ နေမာ

ဘရာဇီးလ် နာမည်ကျော် စူပါစတား တိုက်စစ်ကစားသမား နေမာက မကြာခင်မှာ ချီးမြှင့်သွားတော့မယ့် ၂၀၂၄ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဘာလွန်းဒေါဆုအတွက် ဘရာဇီးလ်ကြယ်ပွင့် ဗင်နီစီယပ်စ်ထက် ထိုက်တန်တဲ့ ကစားသမား မရှိဘူးလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

လာမယ့် အောက်တိုဘာ (၂၈)ရက်နေ့မှာ ကျင်းပသွားမယ့် ၂၀၂၄ ဘာလွန်းဒေါဆုပေးပွဲမှာ အဓိကဆုကြီးဖြစ်တဲ့ ဘာလွန်းဒေါဆုအတွက် ရီးယဲလ် မက်ဒရစ် ကစားသမားတွေဖြစ်တဲ့ တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်နဲ့ ကွင်းလယ်လူ ဘယ်လင်ဟမ်တို့အပြင် မကြာသေးခင်ကမှ ACL ဒဏ်ရာထိသွားတဲ့ မန်စီးတီး ကွင်းလယ်လူ ရိုဒရီတို့ (၃)ဦးက ရေပန်းစားနေကြပါတယ်။

Photo Credit : Goal

ဒီ (၃)ဦးထဲမှာလည်း ပြီးခဲ့တဲ့ ရာသီက ရီးယဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ၊ လာလီဂါဖလားနဲ့ စပိန်စူပါဖလားတို့ကို ရယူနိုင်ခဲ့တဲ့အပြင် အသင်းအတွက်ကိုလည်း (၂၄)ဂိုး သွင်းယူရင်း (၁၁)ဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့ ဗင်နီစီယပ်စ်က သူ့အသင်းဖော် ဘယ်လင်ဟမ် မန်စီးတီးရဲ့ စပိန်ကွင်းလယ်လူ ရိုဒရီတို့ထက် ပိုရေပန်းစားနေရပါတယ်။

လက်ရှိမှာလည်း ဘရာဇီးလ် ကစားသမား အများအပြားနဲ့ ကစားသမားတချို့က ၂၀၂၄ ဘာလွန်းဒေါဆုရှင်က ဗင်နီစီယပ်စ်ပဲလို့ ပြောဆိုနေကြသလို ဘရာဇီးလ် စူပါစတား နေမာကလည်း ဗင်နီစီယပ်စ်ဟာ ဘာလွန်းဒေါဆုအတွက် ပြိုင်ဘက်ကင်းနေတဲ့သူလို့ပါ ပြောဆိုလာပါတယ်။ “ကျွန်တော်ကတော့ ဘာလွန်းဒေါဆုအတွက် ဗင်နီစီယပ်စ်ဘက်မှာပဲ ရှိပါတယ်။”

Photo Credit : Fabrizio Romano

“သူ့ထက် ဘယ်သူကမှ ထိုက်တန်တဲ့သူ မရှိပါဘူး။ သူက တကယ့် ဖိုက်တာတစ်ယောက်ပါ။ သူ့ဘဝတစ်လျှောက်လုံးမှာ နာကျင်မှုတွေ အများကြီး ခံစားခဲ့ရတယ်။ သူက မျှော်လင့်ထားတာတွေထက်လည်း ကျော်လွန်ခဲ့တယ်။ ဝေဖန်မှုတွေ လှောင်ပြောင် ထိုးနှက်မှုတွေကိုလည်း သူက ကျော်ဖြတ်နိုင်ခဲ့တယ်။”

“ဒီနေ့မှာတော့ သူဟာ ကြီးကျယ်ခမ်းနားတဲ့ idol တစ်ယောက် ဖြစ်လာခဲ့ပြီး ကျွန်တော်တို့ အားလုံးအတွက်လည်း သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။” လို့ နေမာက ဗင်နီစီယပ်စ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပြုလာခဲ့ပါတယ်။ တကယ်လို့ ဗင်နီစီယပ်စ်သာ ဘာလွန်းဒေါဆုရှင် ဖြစ်လာခဲ့မယ်ဆိုရင် ၂၀၀၇ခုနှစ်နောက်ပိုင်း ဘာလွန်းဒေါဆုကို ရယူနိုင်တဲ့ (၅)ဦးမြောက် ဘရာဇီးလ် ကစားသမား ဖြစ်လာပါတော့မယ်။

Exit mobile version