ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာက ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ဒီနှစ် ဘောလုံးရာသီအတွင်း သူရဲ့သွင်းဂိုးတွေများစွာကို မြင်တွေ့လာရလိမ့်မယ်လို့ ပြောဆိုခဲ့ပြီးတဲ့နောက်မှာ နေမာက သူရဲ့ ပြောစကားအတ်ိုင်း အကောင်းဆုံး သက်သေပြနိုင်ခဲ့ပြီး လက်ရှိအချိန်ထိ သူရဲ့ ဂိုးပါဝင်ပတ်သတ်မှုက စုစုပေါင်း (၁၃)ဂိုးအထိ ရှိလာခဲ့ရပါတယ်။

Image

Photo Credit : Twitter

ဘရာဇီးလ် လက်ရွေးစင် စူပါစတား ကစားသမား နေမာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်းက ပီအက်စ်ဂျီအသင်းအတွက် လီဂူးသွင်းဂိုး (၁၃)ဂိုးနဲ့ ဂိုးဖန်တီးမှု (၆)ကြိမ်ထိသာ လုပ်ဆောင်နိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ အသင်းအတွက် (၃)ပွဲသာ ကစားထားရသေးချိန်မှာ လီဂူးသွင်းဂိုး (၅)ဂိုးထိ ရှိလာခဲ့ရပြီး ဂိုးဖန်တီးမှုဟာလည်း ပြီးခဲ့တဲ့ရာသီ တစ်ရာသီလုံး လုပ်ဆောင်ထားနိုင်တဲ့ ပမာဏအတိုင်း လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ နေမာအနေနဲ့ ပီအက်စ်ဂျီက လိုင်လီကို ဂိုးအပြတ်အသတ် အနိုင်ခဲ့ရတဲ့ လီဂူးပွဲစဉ်အတွင်းမှာ ဟာခီမီရဲ့ ဂိုးအပြင် သူနဲ့ ပြသာနာ အနည်းငယ် ရှိနေရတဲ့ ဘာပေရဲ့ ဂိုး(၂)ဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့ပြီး တစ်ပွဲအတွင်းမှာ သူရဲ့ assists က ဟက်ထရစ်ထိ ရှိလာခဲ့ရပါတယ်။

Photo Credit : Planet Football

နေမာက ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာပဲ “ဒီနှစ်ရာသီအတွင်း ဖရီးကစ်တွေ ခေါင်းတိုက်ဂိုးတွေ အပါအဝင် shots တွေအားလုံးကနေ ကျွန်တော်ရဲ့ ဂိုးတွေ လာပါလိမ့်မယ်။ ကျွန်တော်ရဲ့ စိတ်ခံစားချက်တွေ ကောင်းမွန်နေတယ်။ ယုံကြည်မှုတွေလည်း ရှိနေတယ်။ ကျွန်တော်ရဲ့ အားလပ်ရက်တွေမှာလည်း လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ထားခဲ့ပါတယ်” လို့ ပြောဆိုလိုက်ပြီးနောက်မှာ နေမာက နန့်စ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပြင်သစ်စူပါဖလားပွဲမှာ (၂)ဂိုး ကလယ်မွန့် မောင့်ပယ်လီယာ လိုင်လီအသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ လီဂူးပွဲတွေမှာ (၅)ဂိုး စုစုပေါင်း (၇)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို လီဂူးဘက်မှာလည်း ဂိုးဖန်တီးမှုက (၆)ကြိမ်ထိ လုပ်ဆောင်ထားခဲ့ပါတယ်။ နေမာအနေနဲ့ လက်ရှိမှာ အသက်(၃၀)အရွယ်ပါ ရောက်ရှိနေပြီဖြစ်တဲ့အပြင် ဒီနှစ်ထဲမှာ ကျင်းပသွားမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဟာလည်း နေမာရဲ့ လက်ရွေးစင် ကစားသမားဘဝ နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွံဲပါ ဖြစ်နေတာကြောင့် နေမာက သူရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်အောင် သေချာပေါက် အားထည့်ကြိုးပမ်းလာနိုင်ပါတယ်။ ဒါ့အပြင် နေမာက သူရဲ့ပီအက်စ်ဂျီအသင်းနဲ့ပါ ချန်ပီယံလိဂ်ဖလားကို ရယူသွားချင်နေတဲ့ စိတ်ဆန္ဒကြောင့်လည်း ဒီရာသီမှာ နေမာရဲ့ ပေါက်ကွဲအားတွေကို ပိုမို မြင်လာရနိုင်ပါတယ်။ ဒါပေမယ့် နေမာက injury prone player တစ်ဦး ဖြစ်နေတာမို့ သူအရမ်းတောက်ပနေချိန်မှာ စိုးရိမ်စရာကောင်းတဲ့ ဒဏ်ရာမျိုးတွေ ကင်းစင်နေမယ်ဆိုရင်တော့ ဒီရာသီဟာ နေမာအတွက် အကောင်းဆုံးသော ဘောလုံးရာသီတစ်ခု ဖြစ်လာမှာ သေချာနေပါတယ်။