ဘရာဇီးလ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး နေမာကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ သူတို့အသင်းကို အနိုင်ယူထားတဲ့ ဒေါ့မွန်အသင်းရဲ့ လူငယ်တောင်ပံကစားသမား ဆန်ချိူကို ပါရမီအရမ်းကောင်းတဲ့ ကစားသမား ဖြစ်တယ်လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ဒေါ့မွန်အသင်းဟာ ပီအက်စ်ဂျီအသင်းကို သူတို့ရဲ့ အိမ်ကွင်းမှာ နှစ်ဂိုး တစ်ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ ဆန်ချိုဟာလည်း ဒေါ့မွန်အသင်းဘက်ကနေ ပါဝင်ခဲ့ပါတယ်။

Photo Credit: Metro.com

နေမာဟာ အဆိုပါပွဲစဉ်မှာ ပီအက်စ်ဂျီ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်မှာတော့ ဆန်ချိုနဲ့ ရင်းရင်းနှီးနှီးစကားပြောခဲ့သူပါ။ သတင်းစာတစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ နေမာက ဆန်ချိုရဲ့ အကြောင်းကို ပြောပြသွားခဲ့ပြီး ဆန်ချိုဟာ ဆယ်နှစ် (သို့) နှစ်နှစ်ဆယ်လောက်မှ တစ်ခါသာ ထွက်ပေါ်လာတတ်တဲ့ ကစားသမားမျိုးဖြစ်ကြောင်းနဲ့ ဆန်ချိုက ဂုဏ်သိက္ခာကြီးမားတဲ့ ရွှေဘောလုံးဆုလို ကမ္ဘာ့အကောင်းဆုံးဆုကို ရယူနိုင်တဲ့သူဖြစ်ကြောင်း ထောက်ခံ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Metro.com

ဆန်ချိုရဲ့ အလားအလာနဲ့ ပတ်သတ်ပြီး နေမာက ” ကျွန်တော်က ပါရမီပါတဲ့ ကစားသမားတွေ များစွာနဲ့ ကစားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဆန်ချို လို ကစားသမားမျိုးက ဆယ်နှစ် ဒါမှမဟုတ်ရင် နှစ်နှစ်ဆယ်လောက်မှ ထွက်ပေါ်လာတဲ့သူမျိုးပါ။ သူကသာ ကြံ့ခိုင်မှုကောင်းနေရင် သူဟာ Ballon d’Ors(ရွှေဖလားဆု)ကို နှစ်ကြိမ် လောက် အရယူနိုင်တဲ့သူပါ။ သူ့မှာ ထူးခြားတဲ့ ပါရမီရှိပါတယ် ” လို့ ချီးကျူးပြောဆိုသွားခဲ့တာပါ။ ဆန်ချိုဟာ လက်ရှိရာသီမှာ ဒေါ့မွန်အသင်း အတွက် ဘွန်ဒက်စ်လီဂါပွဲစဉ် ၂၀ပွဲ ကစားထားရာမှာ ၁၃ဂိုးသွင်းယူကာ ၁၃ဂိုး ဖန်တီးပေးထားနိုင်သူလဲ ဖြစ်ပါတယ်။