၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလ်ရဲ့ အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး နေမာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရာဇီးလ်နဲ့ ဆွစ်ဇာလန်တို့ရဲ့ ပွဲမှာ ဘရာဇီးလ်အတွက် တလုံးထဲသော သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ဖြစ်ကြောင်း ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ်ကြယ်ပွင့် တိုက်စစ်မှူး နေမာက ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရာဇီးလ် ၂-၀ ဆားဘီးယား ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် အုပ်စုပွဲတွေ ပြီးမှသာ ဘရာဇီးလ် အတွက် ပြန်ကစားပေးနိုင်တော့မှာပါ။

Photo Credit: Euro Sports

ဒါကြောင့်ပဲ နေမာက ယမန်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရာဇီးလ် ၁-၀ ဆွစ်ဇာလန် ပွဲစဉ်ကို လွဲချော်ခဲ့ပြီး အုပ်စု ဒုတိယပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရာဇီးလ်နဲ့ ဆွစ်ဇာလန်တို့ရဲ့ ပွဲမှာတော့ ဘရာဇီးလ် အတွက် တလုံးထဲသော နောက်ကျ အနိုင်ဂိုးကို ပွဲချိန် ၈၃မိနစ်မှာ ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက လှလှပပ သွင်းယူပေးသွားခဲ့ပါတယ်။

ကတ်စ်မဲရိုးက လူစားဝင် လူငယ်ကြယ်ပွင့် ရိုဒရီဂိုရဲ့ ပေးပို့မှုကို မြေမကျကန်ချက်နဲ့အတူ ကန်သွင်းကာ ဘရာဇီးလ် အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဒဏ်ရာကြောင့် ဆွစ်ဇာလန်နဲ့ပွဲကို လွဲခဲ့ရတဲ့ နေမာက အနိုင်ဂိုး သွင်းပေးခဲ့တဲ့ ကတ်စ်မဲရိုးဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ဖြစ်ကြောင်း သူ့ရဲ့ တွစ်တာအကောင့် ကနေ တဆင့် ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Euro Sports

နေမာက – “ကတ်စ်မဲရိုးက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ဖြစ်နေတာ အတော်လေးကို ကြာနေပါပြီ” လို့ ထုတ်ဖော် ချီးကျူးသွားခဲ့တာ ဖြစ်ပြီး ဘရာဇီးလ်နည်းပြချုပ် တီတီကလည်း သူဟာ ပုံမှန်ဆိုရင် ဘယ်ကစားသမားတွေက ကောင်းတယ် ၊ ဘယ်ကစားသမားတွေက မကောင်းဘူးလဲ ဆိုတဲ့ အချက်တွေကို ထုတ်ဖော် ပြောကြားလေ့ မရှိပေမယ့် နေမာရဲ့ စကားကို ထောက်ခံကြောင်း ပြောကြားရင်း ကတ်စ်မဲရိုးကို ချီးကျူးခဲ့ပါသေးတယ်။