MySport Myanmar

ရူဒီဂါက ကြောက်စရာကောင်းတဲ့ ခံစစ်မှူးတစ်ဦးလို့ နေမာ မှတ်ချက်ပြု

ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာက လက်ရှိ ဘောလုံးနယ်ပယ်ထဲမှာ ပါဝင်ကစားနေကြတဲ့ ခံစစ်ကစားသမားတွေထဲမှ ဂျာမနီလက်ရွေးစင် နောက်ခံလူတစ်ဦးဖြစ်တဲ့ အန်တိုနီယိုရူဒီဂါက ကြောက်စရာ အကောင်းဆုံးသော ခံစစ်မှူးတစ်ဦးလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၉)နှစ်အရွယ်ရှိ ဂျာမနီ နောက်ခံလူ ရူဒီဂါဟာ ဒီနှစ်နွေဈေးကွက်ထဲမှာပဲ ချယ်လ်ဆီးအသင်းကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အရပ်အမောင်း မြင့်မားပြီး အားကစားတစ်ဦး ပီသလှတဲ့ ခန္ဓာကိုယ် တည်ဆောက်မှုမျိုးရှိသူဖြစ်တဲ့ ရူဒီဂါဟာ ထိပ်တန်းအဆင့်ရှိတဲ့ ခံစစ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီလို ကစားသမားတစ်ဦးကို ပြောင်းရွှေ့ကြေးတောင် မပါဝင်ပဲ free transfer နဲ့ ခေါ်ယူနိုင်ခဲ့တာက ရီးယဲလ်အသင်းအတွက်တော့ အတော်လေးကို အကျိုးရှ်ိစေခဲ့ပါတယ်။ ရီးယဲလ်ခံစစ်မှူး ဖြစ်နေတဲ့ ရူဒီဂါနဲ့ ပတ်သတ်ပြီး နေမာက “ကျွန်တော် သူ့ကို သဘောကျမိပါတယ်”

Photo Credit : Goal

“သူက သင်ရဲ့အတွင်းစိတ်ထဲကို ကြောက်ရွှံမှုတွေ ဖြစ်ပေါ်စေတဲ့ ခံစစ်မှူးတစ်ဦးလည်း ဖြစ်တယ်။ သူက အရမ်းကို သန်မာပြီးတော့ ကိုယ်လုံးကိုယ်ထည်လည်း ကြီးမားပါတယ်။ အချို့သော တိုက်စစ်ကစားသမားတွေက သူ့ကို အနည်းငယ် ကြောက်လန့်တတ်ကြပါတယ်။ ကျွန်တော်တော့ မပါဘူးပေါ့လေ။ ဒါပေမယ့် တိုက်စစ်ကစားသမား တော်တော်များများကတော့ သူ့ကို နည်းနည်းလောက် ကြောက်လန့်နေကြမယ်လို့ ကျွန်တော် ထင်မိပါတယ်” လွို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ နေမာရဲ့့ အထင်ကြီးမှုကို ရရှိထားခဲ့တဲ့ ရူဒီဂါဟာ သူရဲ့အသင်းသစ်ဖြစ်တဲ့ ရီးယဲလ်အသင်းမှာတော့ ပုံမှန်ပွဲကစားခွင့်အတွက် ရုန်းကန်နေရပြီး ရီးယဲလ်အသင်းနဲ့ ပြိုင်ပွဲစုံ (၆)ပွဲအတွင်း (၂)ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရပါတယ်။ ဒါပေမယ့် ရီးယဲလ်ရဲ့ ခံစစ်မှူးဦးတစ်ဦးဖြစ်သူ မီင်္လီတာအိုက ဆဲလ်တစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့တာကြောင့် အနည်းဆုံးအနေနဲ့ မာယော့ကာ လိုက်ပ်ဇစ်တို့ပွဲစဉ်တွေကို လွဲချော်ရနိုင်တာမို့ ဒီပွဲစဉ်တွေမှာ မီလီတာအိုနေရာ ရူဒီဂါ ပါဝင်လာဖွယ် ရှိနေပါတယ်။

Exit mobile version