ဘရာဇီး နည်းပြ တီတီကတော့ ဘရာဇီး တိုက်စစ်မှူး နေမာဟာ ဘရာဇီးကစားသမားတွေထဲမှာ မရှိမဖြစ် လိုအပ်တဲ့ ကစားသမား ဖြစ်ပေမဲ့လည်း သူ့ရဲ့ နေရာမှာ အခြား တိုက်စစ်မှူး တစ်ဦးကို အစားထိုးလို့လည်း ရနိုင်တယ်လို့ France Football သတင်းကို အခိုင်အမာ ပြောသွားပါတယ်။ ဘရာဇီး နဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာကတော့ ဘရာဇီး လက်ရွေးစင်အသင်းအတွက် ပွဲစဉ် (၁၀၁) ပွဲ ကစားထားပြီ ဖြစ်ပြီး ဘရာဇီး တိုက်စစ်မှူးဟောင်းတွေ ဖြစ်တဲ့ ပီလီ နဲ့ ရော်နယ်ဒို ပြီးရင် ဘရာဇီး လက်ရွေးစင်အသင်းအတွက် သွင်းဂိုး အများဆုံး သွင်းယူထားတဲ့ တတိယမြောက် ကစားသမား ဖြစ်ပါတယ်။

 

Photo Credit: Goal

ဘရာဇီး နည်းပြ တီတီဟာ ဘရာဇီးအသင်းကို လွန်ခဲ့တဲ့ (၂၀၀၆) ခုနှစ်ကတည်းက ကိုင်တွယ်နည်းပြခဲ့ပြီး ပွဲစဉ် (၄၈) ပွဲ နည်းပြခဲ့ရာမှာ နိုင်ပွဲ ရာခိုင်နှုန်း၊ (၇၀) ရာခိုင်နှုန်း ရရှိနိုင်ခဲ့တာကြောင့် အထင်ကြီးစရာ ဖြစ်ပြီး (၂၀၀၈) ကမ္ဘာ့ဖလားမှာတော့ ဝေဖန်မှုတွေ အများကြီး ခံခဲ့ရပါတယ်။ ဘရာဇီး နည်းပြ တီတီဟာ (၂၀၀၈) ခုနှစ်က ရုရှား ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ဘယ်ဂျီယံ အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် နောက်ဆုံး (၈) သင်းအဆင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး သူက တိုက်စစ်မှူး နေမာဟာ အရေးကြီးပေမဲ့ အစားထိုးလို့ ရတဲ့ ကစားသမား ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ဘရာဇီး နည်းပြ တီတီက ” နေမာက သေချာမှုကို ပေးတယ်။ ဘာလို့လဲဆိုရင် သူက ပွဲစဉ်ကို ခန့်မှန်းလို့ မရအောင် ပြောင်းလဲနိုင်လို့ပါ။ ဘာလို့လဲဆိုရင် သူက အခြား ကစားသမားတွေက မပေးနိုင်တဲ့ တစ်ဦးချင်း နဲ့ အသင်းလိုက် ဖြေရှင်းမှုကို ပေးလို့ပါ။ သူနဲ့ ဆိုရင်တော့ အသင်းရဲ့ စွမ်းဆောင်ရည်က မတူတော့ပါဘူး။ သူက ထပ်ပွားစေပါလိမ့်မယ်။ ကျွန်တော် အခု ပြောနေတဲ့ နေမာက စိတ်ဓါတ် အပြည့် နဲ့ စွမ်းဆောင်ရည် ရှိတဲ့ သူ အကြောင်းပါပဲ။ နေမာက မရှိမဖြစ် ကစားသမားပါ။ ဒါပေမဲ့ သူ့ကို အစားထိုးလို့ ရပါတယ်”လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။