ပီအက်စ်ဂျီအသင်းရဲ့ ပွဲစဉ်တိုင်းလိုလိုမှာ ပြစ်ဒဏ်ကျူးလွန်ခြင်းကို အများဆုံးခံရလေ့ရှိတဲ့ အသင်းရဲ့တိုက်စစ်ကစားသမားနေမာဟာ ပီအက်စ်ဂျီနဲ့ လိုင်ယွန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဉ်အတွင်း ခြေချင်းဝတ်ဒဏ်ရာကို ပြင်းထန်စွာရရှိခဲ့ပေမယ့်လည်း ဆေးစစ်ချက်တွေအရ ဒဏ်ရာက ထင်ထားသလောက် မဆိုးရွှားတာကြောင့် ခွဲစိတ်ကုသရန် မလိုအပ်ပဲ ရက်သတ္တပတ်အနည်းငယ်သာ အနားယူရမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : CNN

အသက်(၂၈)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမားနေမာဟာ ဒီနှစ်ဘောလုံးရာသီမှာ ဒဏ်ရာပြသာနာတွေအပြင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့ အနီကတ်ပြခံရမှုတွေကြောင့် ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်လီဂူး(၇)ပွဲနဲ့ ချန်ပီယံလိဂ်(၁)ပွဲ လွဲချော်ခဲ့ရပါတယ်။ အခုလည်း လိုင်ယွန်အသင်းကို တစ်ဂိုးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့ရတဲ့ လီဂူးပွဲစဉ်မှာပါ နေမာဟာ ခြေချင်းဝတ်ဒဏ်ရာကို ရရှိခဲ့ရပြီး မျက်ရည်ကျရလောက်တဲ့အထိကို နာကျင်ခံစားနေတဲ့ နေမာရဲ့ပုံစံကို မြင်တွေ့ခဲ့ရတာကြောင့် ဒဏ်ရာပြသာနာက အတော်လေးကို ဆိုးရွှားနိုင်တယ်လို့ အားလုံးက ယူဆထားခဲ့ကြတာဖြစ်ပါတယ်။

Photo Credit : Goal

ဒါပေမယ့် ဒဏ်ရာအခြေအနေကို အသင်းရဲ့ဆေးအဖွဲ့ကနေ သေချာစစ်ဆေးလိုက်တဲ့အခါမှာတော့ နေမာရဲ့ခြေချင်းဝတ်ဒဏ်ရာဟာ ခွဲစိတ်ကုသ ခံယူရလောက်တဲ့အထိကို ဆိုးရွှားခြင်းမရှိပဲ ရက်သတ္တပတ်ခန့်လောက်သာ အနားယူရဖွယ်သာရှိတယ်လို့ တနင်းလာနေ့မှာပဲ အတည်ပြုပြောဆိုလာခဲ့ပါတယ်။ နေမာရဲ့ခြေချင်းဝတ်အရိုးဟာ ကျိုးသွားခြင်းမရှိတဲ့အတွက် ခွဲစိတ်ဖို့ မလိုအပ်တာဖြစ်ပြီး ဒါဟာ ပွဲဆက်တွေ အရမ်းများလာတော့မယ့် ပီအက်စ်ဂျီအသင်းအတွက် သတင်းကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ နေမာဟာ ဒီနှစ်ဘောလုံးရာသီမှာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ(၁၂)ပွဲအထိ ပါဝင်ကစားထားနိုင်ပြီး သွင်းဂိုး(၉)ဂိုးနဲ့ ဂိုးဖန်တီးမှု (၄)ကြိမ် လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ပြင်သစ်လီဂူးမှာ (၃)ဂိုးပဲ သွင်းယူထားနိုင်သေးတဲ့ နေမာဟာ ချန်ပီယံလိဂ်မှာတော့ ဟက်ထရစ်တစ်ကြိမ်နဲ့အတူ (၆)ဂိုးအထိကို သွင်းယူထားကာ ဂိုးသွင်းစွမ်းရည် ပြသထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ နေမာရဲ့ပီအက်စ်ဂျီအအသင်းဟာ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဘာစီလိုနာအသင်းနဲ့ ကြုံတွေ့နေရတဲ့အတွက် နေမာဟာ သူရဲ့အသင်းဖော်ဟောင်း လီယွန်နယ်မက်ဆီနဲ့ ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်သလို ပီအက်စ်ဂျီကလည်း ၂၀၁၆-၂၀၁၇ ဘောလုံးရာသီတုန်းက ချန်ပီယံလိဂ်ရှုံးကြွေးကို ပြန်ဆပ်နိုင်ဖို့အတွက် အခွင့်အရေး ရှိလာခဲ့တာကြောင့် ဒီပွဲစဉ်က အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းမှာ သေချာနေပါတယ်။