မနေ့ညက ကစားသွားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ Remis အသင်းတို့ရဲ့ပြင်သစ်လီဂူးပွဲစဉ်အတွင်းမှာ အသင်းအတွက် ပွဲချိန်ပြည့်ပါဝင်ကစားပေးခဲ့ပေမယ့် ပွဲအပြီးမှာ ဒဏ်ရာရရှိတဲ့ပုံစံနဲ့ ကွင်းအတွင်းကနေ ထွက်ခွာလာခဲ့တဲ့ ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမားနေမာရဲ့အခြေအနေကို နည်းပြသောမတ်စ်တူချယ်က စိုးရိမ်လျက်ရှိလို့နေပြီး အသေးစိတ်အခြေအနေကို သေချာသိရှိနိုင်ဖို့အတွက် စစ်ဆေးမှုတွေ ပြုလုပ်သင့်တယ်လို့ နေမာကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

လီဂူး(၂)ပွဲပယ် ပြစ်ဒဏ်ကနေ လွတ်မြောက်လာခဲ့တဲ့ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမားနေမာဟာ မနေ့ညက ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှာ ဘာပေ အီကာဒီတို့နဲ့ ပြန်လည်ပွဲထွက်လာခဲ့ပေမယ့် အသင်းအတွက် သွင်းဂိုးရယူခဲ့ခြင်းမရှိသလို ပွဲအတွင်းမှာလည်း ထိခိုက်ဒဏ်ရာ အနည်းငယ်ကို ရရှိသွားခဲ့တယ်လို့ တူချယ်လ်ကပြောဆိုလာခဲ့ပါတယ်။ တူချယ်လ်က “ကျွန်တော်ထင်တယ်။ သူခြေထောက်ကို အကန်ခံထားရတာလို့။ ဒါပေမယ့်လည်း ဟုတ်ချင်မှာလည်းဟုတ်မှာပါ။ ကျွန်တော်သေချာမသိသေးဘူး။ ကျွန်တော် အသင်းက ဆရာဝန်တွေနဲ့ ပြောဆိုကြည့်ရဦးမယ်”

Photo Credit : CulturePSG

“ဒီပွဲမှာ နေမာက ပထမပိုင်းအတွင်း ခံစစ်ကို ပိုမိုလိုက်ပါ ကစားနေခဲ့တယ်။ ကျွန်တော်က သူ့ကို နံပါတ်(၁၀)နေရာမှာ ကစားစေချင်ပေမယ့် သူက တကယ်တမ်းတော့ နံပါတ်(၈)နေရာမှာ ဝင်ကစားနေတာ။ ဒါပေမယ့် ဒီလိုကစားတာက သူ့အတွက် ပွဲကောင်းတစ်ပွဲ ဖြစ်မလာအောင်တော့ မဟန့်တားနိုင်ခဲ့ဘူး။ ကျွန်တော်တို့အသင်းက ပထမပိုင်းမှာ အတော်လေးကို ကောင်းခဲ့တယ်။ အခွင့်အရေးတွေကိုလည်း အများကြီးဖန်တီးနိုင်ခဲ့တယ်။ လွဲချော်ခဲ့တာတွေကလည်း အများကြီးပဲဗျာ။ တကယ်ဆိုရင် ကျွန်တော်တို့ မိနစ်(၂၀)လောက်ကတည်းက ပွဲအဖြေပေါ်အောင်ကို ကစားခဲ့ရလို့ရတယ်။ ပွဲပြီးရလဒ်ကလည်း (၄)ဂိုး ဂိုးမရှိလောက် ဖြစ်သင့်ခဲ့တာ။ ဒုတိယပိုင်း စွမ်းဆောင်ရည်အပေါ်မှာတော့ ကျွန်တော်မပျော်ရွှင်မိဘူး။ ဒုတိယပိုင်းမှာ ကျွန်တော်တို့တွေ သိပ်ကြိုးစားအားထုတ်မှု မရှိခဲ့ဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လက်ရှိမှာ ပြင်သစ်လီဂူးပွဲစဉ်(၅)ပွဲအထိ ကစားခဲ့ထားပြီးပြီဖြစ်ပေမယ့် လန်းစ်အသင်းနဲ့ မာဆေးလ်အသင်းတို့ကို (၂)ပွဲဆက်တိုက် အရေးနိမ့်ထားခဲ့ရလို့ အမှတ်ပေးဇယားရဲ့ အဆင့်(၇)နေရာမှာ ရပ်တည်နေရသလို ထိပ်ဆုံးနေရာက ရန်းနက်စ်အသင်းနဲ့ ရမှတ်(၄)မှတ်အထိ ကွာဟလို့နေပါတယ်။