ပီအက်စ်ဂျီအသင်းနဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ အဓိကတိုက်စစ်ကစားသမား နေမာကတော့ သူ့ရဲ့ အသင်းဖော်ဟောင်းဖြစ်သူ မက်ဆီနဲ့ မက်ဆီရဲ့ အစဉ်အလာပြိုင်ဘက် စီရိုနယ်ဒိုတို့ဟာ တခြားကစားသမားတွေထက် အဆင့်တစ်ဆင့် ပိုမြင့်တဲ့ ကစားသမားတွေဖြစ်ကြောင်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Metro.com

အသက်၂၈နှစ်အရွယ် နေမာဟာ မက်ဆီနဲ့ ရိုနယ်ဒိုတို့ခေတ်လွန် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို သိမ်းပိုက်နိုင်မယ့်သူအဖြစ် ထင်ကြေးပေးခံထားရပေမယ့် လက်ရှိအချိန် အထိတော့ ကမ္ဘာ့အကောင်းဆုံးဆုကို ရရှိဖို့အတွက် နီးစပ်ခြင်းမရှိသေးပါဘူး။

Photo Credit: Metro.com

ဒါပေမယ့် နေမာကတော့ သူဟာ မက်ဆီနဲ့ ရိုနယ်ဒိုတို့ပြီးတဲ့နောက် ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ယုံကြည်နေကာ မက်ဆီနဲ့ ရိုနယ်ဒိုတို့ကတော့ အခြားကမ္ဘာမှ လာတဲ့သူတွေ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Metro.com

နေမာက ” လက်ရှိအချိန်မှာ တခြားကစားသမားတွေထက် အဆင့်တစ်ဆင့်မြင့်တဲ့သူတွေက မက်ဆီနဲ့ ရိုနယ်ဒိုပါ။ လက်ရှိအချိန်မှာတော့ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားပါပဲ။ ဘာလို့လဲဆိုတော့ မက်ဆီနဲ့ ရိုနယ်ဒိုက တခြားကမ္ဘာကလေ ” လို့ ပြောဆိုသွားခဲ့တာပါ။