ဒဏ်ရာပြသာနာတွေကြောင့် ပီအက်စ်ဂျီအသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ထားခဲ့ပြီး မနေ့ညက ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ပွဲစဉ်မှာမှ အသင်းအတွက် ပြန်လည်ပွဲထွက်ကစားခွင့်ရခဲဲ့တဲ့ နေမာဟာ ဒီပွဲမှာ ပြိုင်ဘက်ဒေါ့မွန်အသင်းဘက်ကို သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အခုဆိုရင် သူရဲ့ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း သွင်းဂိုးပမာဏက သူရဲ့ဘရာဇီးကစားသမားနှစ်ယောက်ဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ရော်နယ်ဒင်ဟိုရဲ့နှစ်ယောက်ပေါင်း ချန်ပီယံလိဂ်သွင်းဂိုးအရေအတွက်ကိုတောင် ကျော်လွန်သွားခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit : Getty Images

နေမာဟာ ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်အတွင်းမှာ ပီအက်စ်ဂျီအတွက် ချေပဂိုးတစ်ဂိုးကို ဒုတိယပိုင်း ပွဲကစားချိန် ရ၅မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပြီး အသင်းက ၂ဂိုး၁ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့်လည်း နေမာရဲ့သွင်းဂိုးကတော့ ပဲရစ်မြေမှာ ပြန်လည်ကစားရမယ့် ဒုတိယအကျော့အတွက် မျှော်လင့်ချက်ကောင်းတစ်ခုအဖြစ် ကျန်ရှိနေမယ့် အဖိုးတန်အဝေးကွင်းသွင်းဂိုး ဖြစ်ခဲ့ရပါတယ်။ နေမာဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ချန်ပီယံလိဂ်သွင်းဂိုးက ၂ဂိုးပဲရှိသေးပေမယ့် သူရဲ့ကစားသမားဘဝအတွင်း သွင်းယူခဲဲ့တဲ့ ချန်ပီယံလိဂ်ဂိုးကတော့ ၃၄ဂိုးပြည့်သွားခဲ့ပါတယ်။

Photo Credit : Twitter

နေမာဟာ ဘာစီလိုနာမှာ ကစားခဲ့စဉ်တုန်းက ချန်ပီယံလိဂ်မှာ သွင်းဂိုးတွေများစွာကို ရယူခဲ့ဖူးပြီး အဲ့ဒီကနေတစ်ဆင့် ပီအက်စ်ဂျီကို ရောက်ရှိလာတော့လည်း သူရဲ့ချန်ပီယံလိဂ်သွင်းဂိုးတွေ မရပ်တန့်သွားခဲ့ပဲ ဆက်လက်သွင်းယူလာနိုင်ခဲ့တာ အခုဆိုရင် ၃၄ဂိုးတောင် ရှိလာခဲ့ရပြီဖြစ်ပါတယ်။ ဒီလို ချန်ပီယံလိဂ်သွင်းဂိုး ၃၄ဂိုးအထိ ရှိလာခဲ့တဲ့ နေမာဟာ သူရဲ့စီနီယာတွေဖြစ်သော ဘရာဇီးဂန္တဝင်ကစားသမားကြီးနှစ်ယောက်ဖြစ်တဲ့ ရော်နယ်ဒိုနာဇာရီယို ရော်နယ်ဒင်ဟိုတို့နှစ်ယောက်ပေါင်း ချန်ပီယံလိဂ်သွင်းဂိုးပမာဏထက်ကို များပြားနေခဲ့ပါတယ်။ ဘာစီလိုနာ အင်တာမီလန် ရီးရဲလ်မက်ဒရစ် အေစီမီလန်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးကြီး ရော်နယ်ဒိုမာဇာရီယိုက ချန်ပီယံလိဂ်မှာ ၁၄ဂိုးသွင်းယူထားခဲ့ပြီး ဘာစီလိုနာ ပီအက်စ်ဂျီ အေစီမီလန်တို့မှာ ပါဝင်ကစားခဲ့ဖူးသူ ရော်နယ်ဒင်ဟိုကတော့ ချန်ပီယံလိဂ်မှာ ၁၈ဂိုး သွင်းယူထားခဲ့တာဖြစ်ကာ ဒီကစားသမားနှစ်ယောက်ပေါင်းရင်တောင် နေမာရဲ့လက်ရှိသွင်းဂိုးထက် ၂ဂိုးတောင် လျော့နည်းလို့နေပါသေးတယ်။