ပြင်သစ် နေ့စဉ် သတင်းစာစောင် L’Equipe ဟာ ပြင်သစ်နိုင်ငံက ဘောလုံး ကစားသမားတွေရဲ့ ခန့်မှန်းချေ လစာတွေကို ဖော်ပြခဲ့ရာမှာ ပီအက်စ်ဂျီ တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ နေမာရဲ့ လစာ နဲ့ အမ်ဘာပေရဲ့ လစာက တစ်ဝက်နီးပါး ကွာဟနေခဲ့ပါတယ်။ ဘရာဇီး တိုက်စစ်မှူး နေမာဟာ လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ် သြဂုတ်လမှာ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့ စံချိန်တင် ပြောင်းရွေ့ကြေး ပေါင် (၁၉၈) သန်းနဲ့ ဘာစီလိုနာအသင်းကနေ အပြီးသတ် ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

L’Equipe သတင်းက ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ အခွန် အပါအဝင် တစ်လမှာပဲ ဝင်ငွေ ပေါင် (၂.၆) သန်းဝန်းကျင် ရရှိနေပြီး တစ်ပတ်မှာ ဆိုရင် ပေါင် (၆) သိန်း၊ မြန်မာငွေနဲ့ တွက်ရင် ကျပ် (၁,၁၂၅,၅၅၇,၆၂၅)၊ ကျပ် (၁) သောင်းကျော် ရရှိနေပါတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီ လူငယ်တိုက်စစ်မှူး အမ်ဘာပေကတော့ တစ်ပတ်မှာ ပေါင် (၃) သိန်းခွဲကျော်ခန့်သာ ရရှိနေတာကြောင့် ပေါင် (၆) သိန်း ရရှိတဲ့ နေမာနဲ့ ယှဉ်ရင် (၂) ဆနီးပါးလောက်ကို ကွာဟနေလျက် ရှိနေပါတယ်။

Photo Credit: Dailymail

L’Equipe ကနေ ဖော်ပြသွားခဲ့တဲ့ ထိပ်သီး ဝင်ငွေ အကောင်းဆုံး ပြင်သစ် ကလပ် ကစားသမား (၁၁) ဦးထဲမှာ (၁၁) ဦးစလုံးက နည်းပြ တူချယ်ရဲ့ ပီအက်စ်ဂျီ ကစားသမားတွေ ဖြစ်နေပါတယ်။ ပီအက်စ်ဂျီ ကစားသမားတွေ ဖြစ်ကြတဲ့ ကာဗာနီ၊ မာကွင်ဟို့စ်၊ သီယာဂို ဆေးလ်ဗား၊ ဗာရန်တီ၊ ဒီမာရီယာ နဲ့ ဂိုးသမား နာဗက်တို့ကလည်း တစ်လကို အနည်းဆုံး ခန့်မှန်းချေ ယူရို (၁) သန်းခန့် ရရှိပြီး တိုက်စစ်မှူး နေမာက ပြင်သစ်မှာ ဝင်ငွေ အများဆုံး ဘောလုံး ကစားသမား ဖြစ်ပါတယ်။