ပီအက်စ်ဂျီအသင်းဟာ နန့်စ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ လီယွန်နယ်မက်ဆီ ကီလီယန်အမ်ဘာပေတို့နဲ့အတူ ဒီနှစ်ဘောလုံးရာသီအတွင်း အတော်လေး ခြေစွမ်းပြနေတဲ့ နေမာကို ပွဲထုတ်လာခြင်းမရှိပဲ စပိန်ကစားသမား ဆာရာဘီယာကို နေရာပေးခဲ့ခြင်းအပေါ် ပီအက်စ်ဂျီနည်းပြ ခရစ္စတိုဂယ်လ်တီယာက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Neymar benching explained by Galtier after Messi & Mbappe combine in PSG's victory over Nantes | Goal.com

Photo Credit : Goal

ဘရာဇီးလ်လက်ရွေးစင် စူပါစတား ကစားသမား နေမာဟာ ဒီနှစ်ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ထားနိုင်သူဖြစ်ပြီး အသင်းအတွက် (၆)ပွဲ ကစားထားင်္ပြီးချိန်မှာ (၇)ဂိုးသွင်း (၆)ဂိုး ဖန်တီးပေးထားနိုင်သလို သူရဲ့ဂိုးပါဝင်ပတ်သတ်မှုကလည်း (၆)ပွဲမှာ (၁၃)ဂိုးထိ ရှိနေရကပါတယ်။ ဒါပေမယ့် ဒီလို စွမ်းဆောင်ရည်မျ်ိုး ရှိနေတဲ့ နေမာကို နည်းပြဂယ်လ်တီယာက နန့်စ်နဲ့ပွဲရဲ့ ပွဲထွက်လူစာရင်းမှာ ချန်လှပ်ခဲ့ပြီး အသင်းတိုက်စစ်မှာ မက်ဆီ ဘာပေတို့နဲ့တူ ဒီရာသီမှာ သွင်းဂိုး တစ်ဂိုးမှ မရှိသေးတဲ့ စပိန်တိုက်စစ်ကစားသမား ဆာရာဘီယာကိုသာ အသုံးပြုလာခဲ့ကာ နေမာကိုတော့ ပွဲပြီးဆုံးဖို့ (၂၇)မိနစ်လောက်အလိုမှသာ လူစားဝင် ကစားသမားအဖြစ် အသုံးပြုသွားခဲ့ပါတယ်။

Neymar benching explained by Galtier after Messi & Mbappe combine in PSG's victory over Nantes | Goal.com

Photo Credit : Goal

အခုလို နေမာကို အရန်စာရင်းထဲ ထည့်သွင်းထားခဲ့ရတဲ့ခြင်း အကြောင်းအရင်းအပေါ် ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာက “ကျွန်တော်တို့က (၃)ရက်တစ်ကြိမ် ဒါမှမဟုတ် (၄)ရက်ကို တစ်ကြိမ် ပွဲတွေ အများကြီး ကစားနေရတယ်။ ကစားသမားတွေက (၉၅)မိနစ်လောက်ရှိတဲ့ ပွဲစဉ်အားလုံးကို မကစားနိုင်ဘူးဆိုတာ လူတိုင်း နားလည်ပါလိမ့်မယ်။ ကျွန်တော် ဒီအကြောင်းကို နှစ်ကြိမ်ထိ ပြောခဲ့ဖူးပါတယ်။ ပထမတစ်ကြိမ်က ကစားသမား တစ်ယောက်ချင်းစီနဲ့ ဒုတိယတစ်ကြိမ်က တစ်သင်းလုံးနဲ့။ ဒီလို ဖြစ်နေရတဲ့အပေါ် အဆင်ပြေနေဖို့နဲ့ မှန်ကန်တဲ့ သဘောထားရှိဖို့ လိုအပ်တဲ့အကြောင်း ပြောဆိုခဲ့တာပါတယ်” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ နေမာကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ခြင်း မရှိပေမယ့်လည်း ပွဲကစားချိန် (၂၄)မိနစ် နောက်ပိုင်းကတည်းက ကစားသမား တစ်ယောက်လျော့နေခဲ့တဲ့ အိမ်ရှင်နန့်စ်အသင်းကို မန်ဒက်စ် ဘာပေတို့ရဲ့ သွင်းဂိုးတွေနဲ့ ဂိုးပြတ် အောင်ပွဲခံသွားခဲ့ပါတယ်။ လက်ရှိမှာလည်း ပီအက်စ်ဂျီအသင်းဟာ မာဆေးလ်အသင်းနဲ့အတူ ရမှတ်(၁၆)မှတ်စီနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ပူးတွဲရပ်တည်နေကြပြီး ဂိုးကွာခြားချက်မှာတော့ (၂၄)ဂိုး သွင်းပြီး (၄)ဂိုးသာ ပြန်လည် ခွင့်ပြုထားရတဲ့ ပီအက်စ်ဂျီက မာဆေးလ်ထက် ဂိုးကွာခြားချက် သာလွန်နေပါတယ်။ လီဂူးမှာ (၆)ပွဲကစားအပြီး တစ်ပွဲသာ သရေကျထားသေးတဲ့ ပီအက်စ်ဂျီအသင်းဟာ စက်တင်ဘာ(၇)ရက်နေ့မှာတော့ စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်ကို သူတို့ရဲ့ Parc des Princes ကွင်းတွင် ဧည့်ခံကစားသွားရမှာ ဖြစ်ပါတယ်။