ဘရာဇီးလ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ နေမာဟာ ဘောလုံးကျွမ်းကျင်မှုပြည့်ဝသလို ဖက်ရှင်ပိုင်း ၊ စီးပွားရေးပိုင်းမှာလည်း ထူးချွန်သူဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း နေမာဟာ ဘောလုံးစွမ်းရည် ရော ဖက်ရှင်ပိုင်းမှာပါ ကျော်ကြားတဲ့ ရီးရဲလ်နဲ့ မန်ချက်စတာယူနိုက်တက် ၊ ပီအက်စ်ဂျီအသင်းတို့ရဲ့ ကစားသမားဟောင်း ဘက်ခမ်းနဲ့ ခိုင်းနှိုင်း ခံနေရကာ ဘက်ခမ်းနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Metro.com

တစ်ချိန်က နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းဟာ လက်ရှိအချိန် မှာ စီးပွားရေးလုပ်ငန်းတွေကိုသာ ဇောက်ချကာ လုပ်ကိုင်နေခဲ့ပြီး လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံမှာ ကိုယ်ပိုင်ကလပ်အသင်းတစ်သင်း တည်ထောင်နေသူလည်း ဖြစ်ပါတယ်။ နေမာဟာ လတ်တလောမှာတော့ ဒေးဗစ်ဘက်ခမ်းနဲ့ တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ပြီး သူဟာ တစ်နေ့မှာ ဘက်ခမ်းရဲ့ မိုင်ယာမီအသင်းမှာ ကစားမယ် လို့လည်း ကတိပေးသွားခဲ့ပါတယ်။

Photo Credit: Metro.com

မိုင်ယာမီအသင်းမှာ ကစားမယ့်အရေးနဲ့ ပတ်သတ်ပြီး နေမာက ” ကျွန်တော်က သူ့ရဲ့ အသင်းမှာ လာရောက်ကစားဖို့ ဖိတ်ခေါ်ခံခဲ့ရတဲ့ ကစားသမားတွေထဲက တစ်ဦးပါ။ ကျွန်တော်ကလဲ ကစားချင်ပါတယ်။ ဒီတော့ ကျွန်တော် သူ့ကို ပြောခဲ့တယ်။ ကျွန်တော် တစ်နေ့ မိုင်ယာမီမှာ ကစားမယ်ဆိုပြီးပေါ့ ” လို့ ပြောဆိုသွားခဲ့တာပါ။

Photo Credit: Metro.com

လက်ရှိမှာတော့ နေမာဟာ နံရိုးဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပြီး သူဟာ ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ပြင်သစ်လီဂူးပွဲစဉ် ၁၄ပွဲ ပါဝင်ကစားပေးထားရာမှာ ၁၃ဂိုးသွင်းယူကာ ၆ဂိုးဖန်တီးပေးထားခဲ့ပါတယ်။