ပီအက္စ္ဂ်ီ တုိက္စစ္မွဴး ေနမာကေတာ့ (၂၀၂၀) ခုႏွစ္မွာ ဘရာဇီး လက္ေရြးစင္အသင္းနဲ႔ ကုိပါ အေမရိက ဖလားကုိ ေနာက္တစ္ႀကိမ္ ထပ္ရရွိခ်င္ေၾကာင္း နဲ႔ ပီအက္စ္ဂ်ီအသင္းနဲ႔ ခ်န္ပီယံလိဂ္ ဖလား ရရွိခ်င္ေၾကာင္း ေျပာခဲ့ပါတယ္။ ဘရာဇီးအသင္းဟာ ဇာတီေျမမွာ က်င္းပခဲ့တဲ့ (၂၀၁၉) ခုႏွစ္ ကုိပါ အေမရိက ဖလားကုိ ဗုိလ္စဲြခဲ့ၿပီး ဗုိလ္လုပြဲစဥ္မွာ ပီရူအသင္းကုိ (၃-၁) နဲ႔ အနုိင္ရရွိခဲ့ တာေၾကာင့္ ကုိပါ အေမရိက ဖလားကုိ ထုိက္တန္စြာ (၉) ႀကိမ္ေျမာက္ ရရွိခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Gettyimage

ဘရာဇီး တုိက္စစ္မွဴး ေနမာဟာ ဘရာဇီး လက္ေရြးစင္အသင္းနဲ႔ ေအာင္ျမင္မႈ ရရွိခဲ့တဲ့ အတုိင္း ပီအက္စ္ဂ်ီအသင္းနဲ႔ ေအာင္ျမင္မႈ ရရွိခ်င္ေနၿပီး ယခုႏွစ္ (၂၀၂၀) ခုႏွစ္အတြင္းမွာ ပီအက္စ္ဂ်ီ အသင္းနဲ႔ ခ်န္ပီယံလိဂ္ ဖလား ရရွိခ်င္တယ္လုိ႔ ေျပာခဲ့ပါတယ္။ တုိက္စစ္မွဴး ေနမာဟာ ယခုႏွစ္ (၂၀၂၀) ခုႏွစ္အတြင္း ဘယ္လုိ ရြည္ရြယ္ခ်က္ေတြ ရွိသလဲလုိ႔ အေမးခံခဲ့ရတဲ့ အခ်ိန္မွာပဲ သူက ခ်န္ပီယံလိဂ္ နဲ႔ ကုိပါ အေမရိက ဖလားကုိ ရခ်င္တယ္လုိ႔ Globe Esporte မွာ ေျပာခဲ့ပါတယ္။

Photo Credit: Gettyimage

ေနမာကေတာ့ “(၂၀၂၀) ခုႏွစ္မွာ ကြ်န္ေတာ့္ရဲ႕အဓိက ရည္ရြယ္ခ်က္က ပီအက္စ္ဂ်ီအသင္းနဲ႔ေရာ ဘရာဇီးအသင္းနဲ႔ေရာ ရႏုိင္သမွ် ဆုဖလားေတြကုိ ရယူဖုိ႔ပါ။ စိန္ေခၚမႈအသစ္ေတြကုိ အႏုိင္ယူဖုိ႔၊ ခ်န္ပီယံလိဂ္ ဗုိလ္လုပဲြကို ေရာက္ရွိဖုိ႔ နဲ႔ ကုိပါအေမရိကဖလားကုိ ေနာက္တစ္ႀကိမ္ ရရွိဖုိ႔ပါပဲေလ။ မွန္တာေပါ့။ ကြ်န္ေတာ္တုိ႔မွာ အခြင့္အေရး ရွိတယ္။ ပီအက္စ္ဂ်ီအသင္းက ခ်န္ပီယံလိဂ္ ဖလားကုိ တစ္ႀကိမ္မွ မရခဲ့ပါဘူး။ ဒါေပမဲ့ ဆုဖလားတုိင္းကုိ ရရွိဖုိ႔ တုိက္ပဲြဝင္သြားမွာပါ”လုိ႔ ေျပာခဲ့ပါတယ္။

{Unicode}

ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာကတော့ (၂၀၂၀) ခုနှစ်မှာ ဘရာဇီး လက်ရွေးစင်အသင်းနဲ့ ကိုပါ အမေရိက ဖလားကို နောက်တစ်ကြိမ် ထပ်ရရှိချင်ကြောင်း နဲ့ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် ဖလား ရရှိချင်ကြောင်း ပြောခဲ့ပါတယ်။ ဘရာဇီးအသင်းဟာ ဇာတီမြေမှာ ကျင်းပခဲ့တဲ့ (၂၀၁၉) ခုနှစ် ကိုပါ အမေရိက ဖလားကို ဗိုလ်စွဲခဲ့ပြီး ဗိုလ်လုပွဲစဉ်မှာ ပီရူအသင်းကို (၃-၁) နဲ့ အနိုင်ရရှိခဲ့ တာကြောင့် ကိုပါ အမေရိက ဖလားကို ထိုက်တန်စွာ (၉) ကြိမ်မြောက် ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Gettyimage

ဘရာဇီး တိုက်စစ်မှူး နေမာဟာ ဘရာဇီး လက်ရွေးစင်အသင်းနဲ့ အောင်မြင်မှု ရရှိခဲ့တဲ့ အတိုင်း ပီအက်စ်ဂျီအသင်းနဲ့ အောင်မြင်မှု ရရှိချင်နေပြီး ယခုနှစ် (၂၀၂၀) ခုနှစ်အတွင်းမှာ ပီအက်စ်ဂျီ အသင်းနဲ့ ချန်ပီယံလိဂ် ဖလား ရရှိချင်တယ်လို့ ပြောခဲ့ပါတယ်။ တိုက်စစ်မှူး နေမာဟာ ယခုနှစ် (၂၀၂၀) ခုနှစ်အတွင်း ဘယ်လို ရွည်ရွယ်ချက်တွေ ရှိသလဲလို့ အမေးခံခဲ့ရတဲ့ အချိန်မှာပဲ သူက ချန်ပီယံလိဂ် နဲ့ ကိုပါ အမေရိက ဖလားကို ရချင်တယ်လို့ Globe Esporte မှာ ပြောခဲ့ပါတယ်။

Photo Credit: Gettyimage

နေမာကတော့ “(၂၀၂၀) ခုနှစ်မှာ ကျွန်တော့်ရဲ့အဓိက ရည်ရွယ်ချက်က ပီအက်စ်ဂျီအသင်းနဲ့ရော ဘရာဇီးအသင်းနဲ့ရော ရနိုင်သမျှ ဆုဖလားတွေကို ရယူဖို့ပါ။ စိန်ခေါ်မှုအသစ်တွေကို အနိုင်ယူဖို့၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ရှိဖို့ နဲ့ ကိုပါအမေရိကဖလားကို နောက်တစ်ကြိမ် ရရှိဖို့ပါပဲလေ။ မှန်တာပေါ့။ ကျွန်တော်တို့မှာ အခွင့်အရေး ရှိတယ်။ ပီအက်စ်ဂျီအသင်းက ချန်ပီယံလိဂ် ဖလားကို တစ်ကြိမ်မှ မရခဲ့ပါဘူး။ ဒါပေမဲ့ ဆုဖလားတိုင်းကို ရရှိဖို့ တိုက်ပွဲဝင်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။