ပြင်သစ်နိုင်ငံ အခြေစိုက် သတင်းတွေကတော့ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး နေမာ နဲ့ တောင်ပံ ကစားသမား ဒီမာရီယာတို့ဟာ ဘာစီလိုနာအသင်းကနေ ထွက်သွားချင်နေတဲ့ တိုက်စစ်မှူး မက်ဆီကို မန်စီးတီးအသင်း မပြောင်းဘဲ၊ ပီအက်စ်ဂျီအသင်း ပြောင်းလာဖို့ ဆက်သွယ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ ဘာစီလိုနာအသင်းမှာ ကစားခဲ့စဉ်တုန်းက ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီနဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ကြပြီး ပီအက်စ်ဂျီအသင်းရဲ့ တောင်ပံလူ ဒီမာရီယာကတော့ အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ မက်ဆီနဲ့ လက်ရွေးစင် အသင်းဖော်တွေ ဖြစ်ကြပါတယ်။

Photo Credit: Dailymail

အပြောင်းအရွှေ့ သတင်းတွေကတော့ ပီအက်စ်ဂျီအသင်းရဲ့ အားကစား ဒါရိုက်တာ လီယိုနာဒိုဟာ မက်ဆီရဲ့ အပြောင်းအရွှေ့ ကိစ္စအတွက် မက်ဆီရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး နေမာ နဲ့ ဒီမာရီယာတို့ကလည်း မက်ဆီကို ပြင်သစ်မှာ လာကစားဖို့ ပြောခဲ့ကြပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ယခုအပတ်၊ ပြီးခဲ့တဲ့ အင်္ဂါနေ့က၊ ဘာစီလိုနာအသင်းကို Fax နဲ့ စာပို့ပြီး ဘာစီလိုနာအသင်းကနေ လက်ရှိရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ အလွတ်နဲ့ ထွက်သွားချင်တယ်လို့ ပြောသွားခဲ့တာ ဖြစ်ပြီး ပြင်သစ်နိုင်ငံက ပီအက်စ်ဂျီအသင်းကိုလည်း ပြောင်းနိုင်ချေ ရှိလာပါတယ်။

Photo Credit: Dailymail

မက်ဆီရဲ့ အပြောင်းအရွေ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေ များစွာထဲမှာ ခေါ်ယူနိုင်ချေ အရှိဆုံးအသင်းက နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်း ဖြစ်ပေမယ့်လည်း အင်တာမီလန်၊ ဂျုဗင်တပ် နဲ့ ပီအက်စ်ဂျီကို ပြောင်းနိုင်တယ်လို့ ဖော်ပြကြပါတယ်။ တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းမှာ (၁၆) နှစ်ကြာ ကစားလာခဲ့တဲ့ ကာလ တစ်လျှောက် အသင်းက ထွက်သွားမယ့် အကြောင်းကို အရင်က ကိုယ်တိုင် တစ်ခါမှ ပြောခဲ့ဖူးတာ မဟုတ်ပေမယ့် လက်ရှိမှာ အသင်းပြောင်းဖို့ ပြောခဲ့ပြီး နေမာ နဲ့ ဒီမာရီယာက သူ့ကို ပီအက်စ်ဂျီမှာ လာကစားဖို့ ပြောခဲ့ပါတယ်။