ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး နေမာက လာမယ့် သြဂုတ်လ (၁၇) ရက်နေ့၊ ချန်ပီယံလိဂ် ပြိုင်ပွဲ ပြန်စတဲ့ အချိန်မှာ သမိုင်း ဖန်တီးချင်တယ်လို့ ပြောသွားပြီး ပီအက်စ်ဂျီအသင်း တစ်ကြိမ်မှ မရဖူးသေးတဲ့ ချန်ပီယံလိဂ် ဆုဖလားကို လက်ရှိရာသီမှာ ရရှိဖို့ ပစ်မှတ်ထားတာပဲ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ရှုံးထွက်အဆင့် ပွဲစဉ်မှာ ဒေါ့မွန်အသင်းကို (၂-၁) နဲ့ အရေးနိမ့်ခဲ့ပေမယ့်လည်း ဒုတိယအကျော့ ပွဲစဉ်မှာ နေမာရဲ့ သွင်းဂိုး (၂) ဂိုးကြောင့် (၂-ဝ) နဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်း (၃-၂) နဲ့ နောက်တစ်ဆင့် တက်ခဲ့ပါတယ်။

photo credit: Goal

ဥရောပ ဘောလုံး အဖွဲ့ချုပ် (ယူအီအက်ဖ်အေ) က ချန်ပီယံလိဂ် ပြိုင်ပွဲကို လာမယ့် သြဂုတ်လမှာ ပြန်လည် စတင်မှာ ဖြစ်ပါတယ်လို့ အတည်ပြုခဲ့ပြီး ပီအက်စ်ဂျီအသင်းအနေနဲ့ ပြည်တွင်း ပြိုင်ပွဲ ပြီးဆုံးသွားတာ ကြာပြီ ဖြစ်လို့ ချန်ပီယံလိဂ်အတွက် ပြင်ဆင်ချိန် အများကြီး ရရှိမှာ ဖြစ်ပါတယ်။ ပြင်သစ် လီးဂူးဝမ်း ပြိုင်ပွဲဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ဖျက်သိမ်းခဲ့တဲ့ အချိန်မှာ ရမှတ် အများဆုံး ရရှိထားတဲ့ ပီအက်စ်ဂျီအသင်းက လီးဂူးဝမ်း ချန်ပီယံအသင်း ဖြစ်ခဲ့ပြီး တိုက်စစ်မှူး နေမာကတော့ လက်ရှိရာသီ ချန်ပီယံလိဂ် ဆုဖလားကိုလည်း ရရှိဖို့ ပစ်မှတ်ထားနေပါတယ်။

photo credit: Goal

နေမာက “အခုလက်ရှိအချိန်က အဖွဲ့လိုက် နေလို့ရတဲ့ အချိန် မဟုတ်ပါဘူး။ ဒါပေမယ့် အဓိက ဦးစားပေးက လုံခြံမှု၊ တည်ငြိမ်တဲ့ ခန္စကိုယ် နဲ့ စိတ်ပါပဲ။ ကျွန်တော်တော့ ချန်ပီယံလိဂ် ပြိုင်ပွဲ ပြန်ကစားဖို့ စိတ်လှုပ်ရှားနေပြီး အဆင်သင့် ဖြစ်နေပါပြီ။ ချန်ပီယံလိဂ်အကြောင်းကို အများကြီး တွေးနေခဲ့ပါတယ်။ ကျွန်တော်တို့က အသင်းတောင့်တယ်။ တူညီတဲ့ ပြင်းပြမှု နဲ့ ဆက်ကပ်မှု ရှိတယ်။ ဒါပေမယ့်လည်း ကျွန်တော် ပြိုင်ပွဲရဲ့ ပြိုင်ဆိုင်မှုကို လွမ်းတယ်။ ကျွန်တော် ကွင်းထဲ ဝင်ရောက်ကစားချင်လှပါပြီ။ တကယ်လို့ ဘုရားအလို ရှိမယ်ဆိုရင် သမိုင်း ဖန်တီးချင်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။