MySport Myanmar

ဂျိမ်းစ်ကို သက်တမ်းတိုးပြီးနောက် မေဆန်မောင့်ကိုပါ ဆက်လက် သက်တမ်းတိုးသွားမယ့် ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ အကယ်ဒမီထွက် ကြယ်ပွင့်ကစားသမားတွေထဲက ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်ကို ကာလရှည်စာချုပ်သစ် ချုပ်ဆိုလိုက်ပြီးနောက်မှာ နောက်ထပ် ကစားသမားတစ်ဦးဖြစ်သူ ကွင်းလယ်လူ မေဆန်မောင့်ကိုပါ ထပ်မံ သက်တမ်းတိုးသွားဖို့အတွက် ဆွေးနွေးသွားတော့မယ်လို့ ဖာဘရီဇီယိုရိုမာနိုက သူရဲ့တွစ်တာကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

ချယ်လ်ဆီးအသင်းဟာ အသက်(၂၂)နှစ်အရွယ် (၆)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့ပြီး တစ်ပတ်လုပ်ခကိုလည်း ပေါင်(၂)သိန်းခွဲထ်ိ တိုးမြှင့်ပေးခဲ့တဲ့အတွက် ဂျိမ်းစ်က အသင်းသမိုင်းတစ်လျှောက် နောက်ခံကစားသမားတွေထဲမှာ လစာအကောင်းဆုံး နောက်ခံလူတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။ ဈေးကွက်အတွင်း ကစားသမားသစ်တွေ များစွာအားဖြည့်ထားခဲ့တဲ့ ချယ်လ်ဆီးအနေနဲ့ ဂျိမ်းစ်လို အသင်းရဲ့ ကြယ်ပွင့်ကစားသမား ရီးယဲလ်မက်ဒရစ်လို အသင်းမျိုးက အလိုရှိနေတဲ့ ကစားသမားမျိုးကို အသင်းမှာ ဆက်ထိန်းထားဖို့ မဖြစ်မနေ လိုအပ်လာခဲ့တာကြောင့် အခုလို နှစ်ရှည်စာချုပ် ချုပ်ဆိုလိုက်ရတာလည်း ဖြစ်ပါတယ်။

Photo Credit : Premier League

ရီးစ်ဂျိမ်းစ်ကို စာချုပ်သက်တမ်း တိုးမြှင့်လိုက်ပြီးနောက်မှာ နောက်ထပ် အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ မေဆန်မောင့်ကိုပါ ထပ်ပြီး သက်တမ်းတိုးဖို့ ဆက်လက် လုပ်ဆောင်လာခဲ့ပါတယ်။ တကယ်တော့ မေဆန်မောင့်ကိုယ်တိုင်က ချယ်လ်ဆီးအသင်းနဲ့ သက်တမ်းတိုးချင်နေတာဖြစ်လို့ ချယ်လ်ဆီးဘက်က သက်တမ်းတိုးဖို့အတွက် ကမ်းလှမ်းလာမယ့် ကမ်းလှမ်းမှုတစ်ရပ်ကို စောင့်ဆိုင်းနေခဲ့တာက အချိန်အတန်ကြာနေပြီ ဖြစ်ပါတယ်။ ချယ်လ်ဆီးကလည်း မောင့်လို အသင်းအတွက် အရေးပါတဲ့ ကစားသမားမျိုးကို စာချုပ်သက်တမ်းတိုးပြီး အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားချင်ပေမယ့် သူရဲ့လက်ရှိစာချုပ်က ၂၀၂၄ခုနှစ်မှသာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် သက်တမ်းတိုးဖို့အတွက် အလျင်စလို မလုပ်ဆောင်တားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်း ပိုင်ရှင်သစ် တော့ဒ်ဘိုလီက အသက်(၂၅)နှစ်အောက် ကစားသမားတွေကို နှစ်ရှည်စာချုပ်တွေ ချုပ်ဆိုသွားဖို့ ဆုံးဖြတ်ထားတာကြောင့် အသက်(၂၃)နှစ်သာ ရှိနေသေးတဲ့ မေဆန်မောင့်ကိုလည်း အနည်းဆုံး ၂၀၂၆ခုနှစ်လောက်အထိ သက်တမ်းတိုးသွားဖို့ အစီအစဉ် ရှိနေသလို ကစားသမားကိုယ်တိုင်ကလည်း ချယ်လ်ဆီးအသင်းအတွက်ကိုသာ ကာလရှည်ကြာ ပါဝင်ကစားပေးသွားချင်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ဖူးတာကြောင့် စာချုပ်သစ်ကိစ္စက ရာနှုန်းပြည့်ကို အဆင်ပြေနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version