အခုက ၂၀၂၀ခုႏွစ္ထဲကုိ ေရာက္ရွိေနၿပီျဖစ္တာေၾကာင့္ ေဘာလုံးကလပ္အသင္း ေတာ္ေတာ္မ်ားမ်ားက ဒီႏွစ္ထဲကုိ မေရာက္လာခင္ကတည္းကပဲ အေၾကာင္းကိစၥမ်ားစြာကုိ ျပင္ဆင္ထားခဲ႔ၿပီး ဒီထဲမွာ ျပကၡဒိန္ေတြလည္း အပါအဝင္ပါပဲ။ အသင္းက ပရိသတ္အခ်စ္ေတာ္ ကစားသမားမ်ားစြာနဲ႔ ရုိက္ကူးထားတဲ႔ ၂၀၂၀ခုႏွစ္အတြက္ ျပကၡဒိန္ေတြကုိ အသင္းတုိင္းလုိလုိက ဒီႏွစ္ထဲမေရာက္ခင္မွာပဲ ႀကိဳတင္ထုတ္လုပ္ ေရာင္းခ်တာေတြ လက္ေဆာင္ေပးတာေတြကုိ ျပဳလုပ္ၾကမွာျဖစ္သလုိ ဒီလုိအသင္းေတြထဲမွာ နယူးကာဆဲလ္ယူႏုိက္တက္လည္း ပါဝင္မွာပါ။

Photo Credit : The Telegraph

ဒါေပမယ့္ နယူးကာဆဲလ္အသင္းကေတာ့ ၂၀၂၀အတြက္ အသင္းရဲ႕ျပကၡဒိန္ကုိ သူတုိ႔ရဲ႕ပရိသတ္ေတြလက္ထဲ အေရာက္မပုိ႔ရေသးခင္မွာ ေသခ်ာတဲ႔ စစ္ေဆးမႈေတြ မျပဳလုပ္ခဲ႔လုိ႔ ျပကၡဒိန္ထဲမွာ မပါဝင္ေတာ့တာေတြ ေတာ္ေတာ္မ်ားမ်ားကုိ ပါဝင္သြားခဲ႔ရပါတယ္။ နယူးကာဆဲလ္ရဲ႕စားပြဲတင္ျပကၡဒိန္ ေရွ႕စာမ်က္ႏွာမွာပဲ နယူးကာဆဲလ္အသင္းနဲ႔ သက္ဆိုင္ျခင္းမရွိတဲ႔ ေဆာ္လမြန္ရြန္ဒြန္ ၊ အယိုဇီပီရက္ဇ္နဲ႔ ကေနဒီတုိ႔ ပါဝင္လာခဲ႔ပါတယ္။ ဗင္နီဇြဲလားတုိက္စစ္မွဴးရြန္ဒြန္က တရုတ္စူပါလိဂ္ကလပ္ ဒါလီယန္ယီေဖးအသင္းကေန အငွားနဲ႔ လာေရာက္ကစားခဲ႔သူျဖစ္သလုိ ကေနဒီကလည္း ခ်ယ္လ္ဆီးကေန အငွားနဲ႔ လာကစားသူျဖစ္ကာ အခု သူတုိ႔ႏွစ္ေယာက္လုံးက သက္ဆုိင္ရာကလပ္ေတြမွာ ေရာက္ရွိေနတာျဖစ္ပါတယ္။

Photo Credit : Go Tech Daily

ဒါ့အျပင္ ေတာင္ပံတုိက္စစ္ကစားသမား အယုိဇီပီရက္ဇ္မွာလည္း ဒီႏွစ္ေဘာလုံးရာသီအစမွာပဲ လက္စတာအသင္းဆီကုိ ေပါင္သန္း၃၀ဝန္းက်င္ေလာက္နဲ႔ ေျပာင္းေရႊ႕ထားတာျဖစ္သလုိ နယူးကာဆဲလ္နဲ႔ လက္စတာအသင္းတုိ႔ ေတြ႕ဆုံခဲ႔စဥ္တုန္းကလည္း အသင္းေဟာင္းဘက္ကုိေတာင္ သြင္းဂုိးရယူထားတာျဖစ္ပါတယ္။ ဒီလုိ အသင္းသားေဟာင္းေတြ ပါဝင္တဲ႔ဓါတ္ပုံကုိ အသင္းျပကၡဒိန္ရဲ႕ထိပ္ဆုံးမွာ အသုံးျပဳထားသလုိ ပီရက္ဇ္ပုံကုိ ဇန္နဝါရီလအတြက္ ကေနဒီပုံကုိ ဇူလုိင္လအတြက္နဲ႔ ပုံေတာ္ေတာ္မ်ားမ်ားမွာလည္း လြန္ခဲ့တဲ႔ ၁၈လတုန္းက ဝတ္စုံေဟာင္းပုံေတြပဲ ပါဝင္ေနတာက ဒီျပကၡဒိန္ကုိ ေသခ်ာစစ္ေဆးမႈတြမရွိပဲ ျဖစ္ကလက္ဆန္း ထုတ္လုပ္လုိက္တယ္ဆုိတာကုိ ေပၚလြင္ေနပါတယ္။ နယူးကာဆဲလ္အသင္းဟာ ဒီႏွစ္ေဘာလုံးရာသီအတြင္း ရာသီဝက္မွာေတာ့ အေျခအေနေကာင္းတစ္ခုကုိ ဖန္တီးထားႏုိင္ခဲ႔ၿပီး အဆင့္၁၃ေနရာထိေရာက္ရွိေအာင္ စြမ္းေဆာင္ထားႏုိင္ခဲ႔သလုိ ေနာက္ပုိင္းပြဲေတြမွာလည္း ရလဒ္ေကာင္းေတြ ေဖာ္ေဆာင္ထားခဲ႔ပါတယ္။

(Unicode)

မမှားသင့်တဲ့ အမှားတွေနဲ့ ထွက်ရှိလာခဲ့တဲ့ နယူးကာဆဲလ်ရဲ့ ၂၀၂၀ခုနှစ် စားပွဲတင်ပြက္ခဒိန်

အခုက ၂၀၂၀ခုနှစ်ထဲကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဘောလုံးကလပ်အသင်း တော်တော်များများက ဒီနှစ်ထဲကို မရောက်လာခင်ကတည်းကပဲ အကြောင်းကိစ္စများစွာကို ပြင်ဆင်ထားခဲ့ပြီး ဒီထဲမှာ ပြက္ခဒိန်တွေလည်း အပါအဝင်ပါပဲ။ အသင်းက ပရိသတ်အချစ်တော် ကစားသမားများစွာနဲ့ ရိုက်ကူးထားတဲ့ ၂၀၂၀ခုနှစ်အတွက် ပြက္ခဒိန်တွေကို အသင်းတိုင်းလိုလိုက ဒီနှစ်ထဲမရောက်ခင်မှာပဲ ကြိုတင်ထုတ်လုပ် ရောင်းချတာတွေ လက်ဆောင်ပေးတာတွေကို ပြုလုပ်ကြမှာဖြစ်သလို ဒီလိုအသင်းတွေထဲမှာ နယူးကာဆဲလ်ယူနိုက်တက်လည်း ပါဝင်မှာပါ။

Photo Credit : The Telegraph

ဒါပေမယ့် နယူးကာဆဲလ်အသင်းကတော့ ၂၀၂၀အတွက် အသင်းရဲ့ပြက္ခဒိန်ကို သူတို့ရဲ့ပရိသတ်တွေလက်ထဲ အရောက်မပို့ရသေးခင်မှာ သေချာတဲ့ စစ်ဆေးမှုတွေ မပြုလုပ်ခဲ့လို့ ပြက္ခဒိန်ထဲမှာ မပါဝင်တော့တာတွေ တော်တော်များများကို ပါဝင်သွားခဲ့ရပါတယ်။ နယူးကာဆဲလ်ရဲ့စားပွဲတင်ပြက္ခဒိန် ရှေ့စာမျက်နှာမှာပဲ နယူးကာဆဲလ်အသင်းနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဆော်လမွန်ရွန်ဒွန် ၊ အယိုဇီပီရက်ဇ်နဲ့ ကနေဒီတို့ ပါဝင်လာခဲ့ပါတယ်။ ဗင်နီဇွဲလားတိုက်စစ်မှူးရွန်ဒွန်က တရုတ်စူပါလိဂ်ကလပ် ဒါလီယန်ယီဖေးအသင်းကနေ အငှားနဲ့ လာရောက်ကစားခဲ့သူဖြစ်သလို ကနေဒီကလည်း ချယ်လ်ဆီးကနေ အငှားနဲ့ လာကစားသူဖြစ်ကာ အခု သူတို့နှစ်ယောက်လုံးက သက်ဆိုင်ရာကလပ်တွေမှာ ရောက်ရှိနေတာဖြစ်ပါတယ်။

Photo Credit : Go Tech Daily

ဒါ့အပြင် တောင်ပံတိုက်စစ်ကစားသမား အယိုဇီပီရက်ဇ်မှာလည်း ဒီနှစ်ဘောလုံးရာသီအစမှာပဲ လက်စတာအသင်းဆီကို ပေါင်သန်း၃၀ဝန်းကျင်လောက်နဲ့ ပြောင်းရွှေ့ထားတာဖြစ်သလို နယူးကာဆဲလ်နဲ့ လက်စတာအသင်းတို့ တွေ့ဆုံခဲ့စဉ်တုန်းကလည်း အသင်းဟောင်းဘက်ကိုတောင် သွင်းဂိုးရယူထားတာဖြစ်ပါတယ်။ ဒီလို အသင်းသားဟောင်းတွေ ပါဝင်တဲ့ဓါတ်ပုံကို အသင်းပြက္ခဒိန်ရဲ့ထိပ်ဆုံးမှာ အသုံးပြုထားသလို ပီရက်ဇ်ပုံကို ဇန်နဝါရီလအတွက် ကနေဒီပုံကို ဇူလိုင်လအတွက်နဲ့ ပုံတော်တော်များများမှာလည်း လွန်ခဲ့တဲ့ ၁၈လတုန်းက ဝတ်စုံဟောင်းပုံတွေပဲ ပါဝင်နေတာက ဒီပြက္ခဒိန်ကို သေချာစစ်ဆေးမှုတွမရှိပဲ ဖြစ်ကလက်ဆန်း ထုတ်လုပ်လိုက်တယ်ဆိုတာကို ပေါ်လွင်နေပါတယ်။ နယူးကာဆဲလ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ရာသီဝက်မှာတော့ အခြေအနေကောင်းတစ်ခုကို ဖန်တီးထားနိုင်ခဲ့ပြီး အဆင့်၁၃နေရာထိရောက်ရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သလို နောက်ပိုင်းပွဲတွေမှာလည်း ရလဒ်ကောင်းတွေ ဖော်ဆောင်ထားခဲ့ပါတယ်။