MySport Myanmar

တစ်ပွဲ နိုင်လိုက်တာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိတော့မယ့် နယူးကာဆယ်

နယူးကာဆယ်အသင်းကတော့ မနေ့ညက စိန့်ဂျိမ်းစ်ပတ်ခ်မှာ ဘရိုက်တန်အသင်းကို (4-1) ဆိုတဲ့ ရလဒ်နဲ့ သမခဲ့ပြီးနောက်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့က လက်တစ်ကမ်းသာ လိုနေတော့ပြီး လက်စတာကို ထပ်ပြီး နိုင်လိုက်တာနဲ့ အနှစ်(၂၀)လောက် ဝေးကွာနေတဲ့ ချန်ပီယံလိဂ် တီးလုံးတွေကို စိန့်ဂျိမ်းစ်ပတ်ခ်ထဲမှာ ပြန်လည် ကြားယောင်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit :  Front Officie Sports

ညက ပွဲစဉ်ကို အနိုင်ရလိုက်တဲ့ နယူးကာဆယ်အသင်းဟာ အဆင့်(၅)နေရာက လီဗာပူးလ်အသင်းကို (၄)မှတ်အထိ ဖြတ်တောက်ထားနိုင်ပြီး လက်ကျန်ပွဲချင်းကလည်း (၂)ပွဲစီ တူညီသွားခဲ့တာကြောင့် ပွဲစဉ်(၃၇)မှာ လက်စတာကို အနိုင်ရလိုက်တာနဲ့ ၂၀၀၂-၂၀၀၃ ဘောလုံးရာသီနောက်ပိုင်း ချန်ပီယံလိဂ်ဝင်ခွင့်ကို ပထမဆုံးအကြိမ်အဖြစ် ရရှိသွားမှာပဲ ဖြစ်ပါတယ်။ နယူးကာဆယ်က ဘရိုက်တန်နဲ့ ပွဲမတိုင်ခင်မှာ လိဒ်စ်ကို သရေ အာဆင်နယ်ကို ရှုံးထားခဲ့လို့ Top 4 နေရာအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ရပေမယ့် ဘရိုက်တန်ကို အနိုင်ယူလိုက်တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်က သေချာသလောက်နီးပါးအထိ အခြေအနေ ကောင်းသွားခဲ့ပါတယ်။

Photo Credit : Eurosport

ဒါပေမယ့် နယူးကာဆယ်က လက်ကျန် (၂)ပွဲဖြစ်တဲ့ လက်စတာ ၊ ချယ်လ်ဆီးတို့နဲ့ ပွဲစဉ်တွေထဲမှာ တစ်ပွဲတော့ အနိုင်ရဖို့ လိုအပ်ပါတယ်။ လက်စတာကလည်း လက်ရှိမှာ အဆင့်(၁၉)ထိ ရောက်နေတဲ့ အသင်း။ နယူးကာဆယ်နဲ့ပွဲမှာ ရလဒ်မကောင်းလိုက်တာနဲ့ ချန်ပီယံရှစ်ဆီ ခြေတစ်လှမ်းလောက် လှမ်းထားရတော့မှာဖြစ်လို့ မီးကုန်ယမ်းကုန် ရုန်းလာနိုင်ပါတယ်။ ပြီးရင် ချယ်လ်ဆီးနဲ့ပွဲကလည်း tricky game ပါ။ ဘယ်လို ရလဒ်ထွက်လာမလဲဆိုတာ မှန်းရခက်နိုင်တာကြောင့် နယူးကာဆယ်အနေနဲ့ ဒီ(၂)ပွဲထဲ (၁)ပွဲကိုတော့ မဖြစ်ဖြစ်အောင် အနိုင်ယူဖို့ လိုပါတယ်။

Photo Credit : Channels Television

နယူးကာဆယ်အနေနဲ့ လက်စတာနဲ့ပွဲကိုသာ အနိုင်ရလိုက်မယ်ဆိုရင် သူတို့အတွက်က ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရသွားပြီဖြစ်လို့ မန်ယူနိုက်တက် နဲ့ လီဗာပူးလ်တို့ကပဲ လက်ကျန် တစ်နေရာစာအတွက် ပြိုင်ရပါတော့မယ်။ ယူနိုက်တက်ကတော့ လက်ကျန် (၃)ပွဲ ကစားဖို့ ရှိနေသေးတာမို့ သူတို့ ကံကြမာ သူတို့ ဖန်တီးနိုင်သေးတဲ့ အခြေအနေမှာ ရှိနေသေးပြီး ဘာတွေ ဆက်ဖြစ်မလာဦးမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Exit mobile version