နယူးကာဆယ် တိုက်စစ်မှူးဟောင်း မိုက်ကယ် ချိုပရာ (Michael Chopra) က နယူးကာဆယ်အသင်းဟာ နည်းပြသစ် ခေါ်ယူမယ်ဆိုရင် နည်းပြ ပိုချယ်နိုက ဆုဖလား မရခဲ့ဖူးတာကြောင့် မခေါ်သင့်ဘဲ နည်းပြ ဘင်နီတက်စ်ကိုသာ ခေါ်ယူသင့်ပါတယ်လို့ အခိုင်အမာ ပြောကြားသွားတာ ဖြစ်ပါတယ်။ မိုက်ကယ် ချိုပရာဟာ လက်ရှိမှာ အသက် (၃၆) နှစ်အရွယ် ရှိနေပြီး နယူးကာဆယ်အသင်းမှာ (၂၀၀၂) ခုနှစ်ကနေ (၂၀၀၆) ခုနှစ်အထိ ကစားခဲ့စဉ်က ပရီးမီးယားလိဂ် ပွဲစဉ် (၁၃) ပွဲ နဲ့ ပြိုင်ပွဲစုံ ပွဲစဉ် (၂၀) ပွဲ ကစားခဲ့ရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၃) ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

မိုက်ကယ် ချိုပရာဟာ နယူးကာဆယ်အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့ပြီး သူ နောက်ဆုံး ကစားခဲ့တဲ့ အသင်းမှာ အိန္ဒိယ စူပါလိဂ် ပြိုင်ပွဲက ကာရာလာ ဘလက်စတာစ်အသင်းမှာ ဖြစ်ပြီး ဘလက်စတာစ်အသင်းမှာ (၁) ရာသီသာ ကစားပြီးနောက် ကစားသမားဘဝက အနားယူခဲ့ပါတယ်။ နယူးကာဆယ်အသင်းဟာ လက်ရှိမှာ နည်းပြ စတီဗ် ဘရူ့စ်ကို ခန့်ထားပြီး ပိုင်ရှင်အသစ်ကြောင့် နည်းပြသစ် ခေါ်ယူဖို့ ပြင်ဆင်နေတာကြောင့် နယူးကာဆယ် တိုက်စစ်မှူးဟောင်း ချိုပရာက နည်းပြ ပိုချယ်တီနိုထက် နည်းပြ ဘင်နီတက်စ်ကို ခေါ်ယူသင့်ပါတယ်လို့ ပြောကြားသွားပါတယ်။

Photo Credit: Goal

မိုက်ကယ် ချိုပရာက “ကျွန်တော်ကတော့ နည်းပြ ပိုချက်တီနိုထက် နည်းပြ ဘင်နီတက်စ်ကိုပဲ ရွေးချယ်တယ်။ ပိုချယ်တီနိုက စပါးအသင်းကို ဘာမှ မရှိတဲ့ အခြေအနေက တည်ဆောက်ခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်စေခဲ့တယ်။ ပရီးမီးယားလိဂ် ဆုဖလား ရရှိမလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူကို ဆန့်ကျင်ရတဲ့ အကြောင်းရင်း တစ်ခုက သူက ဘာဆုဖလားကိုမှ မရခဲ့တာပါပဲ။ သူ ဆုဖလား မရခဲ့တာက ကျွန်တော့်ကို အနည်းငယ် အမြင်ကျဉ်းစေတယ်။ နည်းပြ ဘင်နီတက်စ်နဲ့ ဆိုရင် သူက မပြီးပြတ်သေးတာ ရှိတယ်။ သူက အသင်းတိုင်းမှာ ကောင်းမွန်စွာ နည်းပြနိုင်ခဲ့ပြီး ပရိသတ်တွေနဲ့ ဆက်သွယ်ရေး ကောင်းတယ်။ သူက ငွေကြေး အနည်းအငယ်နဲ့ ပို သုံးတတ်ပြီး သူ နည်းပြတဲ့ အသင်းကို အဆင့် (၁၀) အတွင်း ဝင်နိုင်စေတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။