ဒီနှစ် နွေဈေးကွက်ထဲမှာ ကစားသမားသစ်တွေများစွာ ခေါ်ယူအားဖြည့်သွားဖို့ ရှိနေတဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းဟာ လက်ရှိမှာလည်း ဒေါ့မွန်အသင်းကနေ ရောင်းထုတ်ခံရဖွယ် ရှိနေတဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်တိုက်စစ် ကစားသမား သော်ဂန်ဟာဇက်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Thorgan Hazard: 10 things you might not know about the Borussia Dortmund  and Belgium star | Bundesliga

Photo Credit : Bundesliga

အသက်(၂၉)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်တိုက်စစစ်နဲ့ တောင်ပံကစားသမား သော်ဂန်ဟာဇက်ဟာ ၂၀၁၉ခုနှစ်ကတည်းက မိုချန်ဂလာဘတ်ကနေ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဒေါ့မွန်အတွက် (၃)ရာသီအတွင်း (၁၀၁)ပွဲအထိ ကစားပေးထားနိုင်ခဲ့သလို (၁၇)ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အီဒင်ဟာဇက်ရဲ့ ညီငယ်ဖြစ်သူ သော်ဂန်ဟာ attacking နေရာမှာ ကစားသမား အရေအတွက် များပြားနေရတဲ့ ဒေါ့မွန်အသင်းမှာ သူရဲ့ အနာဂတ် အခြေအနေက မရေမရာ ဖြစ်လာခဲ့ရပြီး အခုနှစ်နွေမှာ အသင်းကနေ ရောင်းထုတ်ခံရနိုင်ဖွယ် ရှိနေတယ်လို့ပါ သတင်းထွက်နေသူ ဖြစ်ပါတယ်။

Borussia Dortmund sign Gladbach's Thorgan Hazard in five-year deal -  Eurosport

Photo Credit : Eurosport

ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတဲ့ သော်ဂန်ဟာဇက်ကို လက်ရှိမှာ နယူးကာဆယ်အသင်းက ခေါ်ယူသွားချင်နေပြီး ဒေါ့မွန်ကတော့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို(၁၅)သန်းဝန်းကျင်နဲ့ ရောင်းချသွားဖွယ် ရှိနိုင်ပါတယ်။ သော်ဂန်အနေနဲ့ ဒေါ့မွန်အသင်းမှာ တစ်နှစ်လုပ်ခ ယူရို(၇)သန်းလောက် ရရှိနေတယ်ဆိုပေမယ့် အလွန်ကြွယ်ဝတဲ့ အသင်းပိုင်ရှင်တွေ လက်အောက်မှာ ရှိနေရတဲ့ နယူးကာဆယ်အသင်းအတွက် ဒီပမာဏက အဆင်ပြေနိုင်စရာ ဖြစ်နေပါလိမ့်မယ်။ လက်ရှိမှာတော့ နယူးကာဆယ်အသင်း သော်ဂန်ဟာဇက်လို နောက်ထပ် ဘွန်ဒစ်လီဂါ ကစားသမားတစ်ဦးဖြစ်တဲ့ လေဗာကူဆင် တောင်ပံကစားသမား မူဆာဒမ်ဘီလီကိုပါ အသင်းဆီ ခေါ်ဆောင်ချင်နေပြီး လေဗာကူဆင်ဘက်ကတော့ သူတို့ကြယ်ပွင့်အတွက် ယူရိုသန်း(၆၀)လောက်ကို အလိုရှိနေပါတယ်။ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကစားသမား ဖြည့်တင်းခဲ့ပြီးနောက် တန်းဆင်းဇုန်ကနေပါ လွတ်မြောက်ခဲ့ရတဲ့ နယူးကာဆယ်အသင်းဟာ ဘောလုံးရာသီသစ်မှာတော့ ပိုမို မြင့်မားတဲ့ အဆင့်ရပ်တည်ချက်နဲ့ ဥရောပဝင်ခွင့်တွေအထိ ရရှိလာနိုင်ဖို့အတွက် ထိပ်တန်းကစားသမားတွေကို ခေါ်ဆောင်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။